၈ ဇူလိုင် ၂၀၂၄ - ၂၀:၂၅
   လက်ဘနွန် အခြေဆိုက် ဟစ်ဇ်ဘွလ္လာဟ် အတွင်းရေးမှူးချုပ်ထံ ပေးပို့သော အီရန်သမ္မတ သစ် ၏ သဝဏ်လွှာ / ကြံ့ကြံ့ခံ ခုခံမှုအား စွမ်းအား (အပြည့် ) နှင့် ဆက်လက် ကူညီနေမည်

လက်ဘနွန်နိုင်ငံ အခြေဆိုက် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်အား ချီးကျူးဂုဏ်ပြုသည့် သဝဏ်လွှာ တွင် အီရန် ပြည်သူ့ ရွေးကောက်ခံ သမ္မတသစ် မှ ကြံ့ကြံ့ခံ ခုခံမှုအား စွမ်းအား (အပြည့် ) နှင့် ဆက်လက် ကူညီနေမည် ဟု အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်နိုင်ငံ အခြေဆိုက် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နဆရိုလ်လ္လာဟ် ထံ အီရန်သမ္မတ သစ် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ  သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ် ။ ထို သဝဏ် လွှာတွင် ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေးလှုပ်ရှားမှုများသည် တရားမ၀င် ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုဆိုင်ရာ မူဝါဒများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း ဖြစ်ပါတယ်။

အီရန် သမ္မတ သစ် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ သဝဏ်လွှာ စာသားများ မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

လေးစားအပ်ပါသော လူကြီးမင်း ဆယက်ဒ် ဟစန် နဆရိုလ်လ္လာဟ်

လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ် ဘွလ္လာဟ် အဖွဲ့ အတွင်းရေးမှူးချုပ်

စလာမ် နှုတ်ခွန်းဆက်စကားနှင့် ကျေးဇူး အများအပြားတင်ခြင်း နှင့်အတူ ကျနော် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတ သစ် အဖြစ် ရွေးချယ်ခံရပြီးနောက် လူကြီးမင်း ၏တန်ဖိုးရှိသော ကြင်နာသောသဝဏ်လွှာကို လက်ခံရရှိခဲ့ပါတယ်။

ကျနော် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတ နိုင်ငံသည် တရားမ၀င် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင် သည့် ဒေသတွင်းပြည်သူများ၏ ကြံ့ကြံ့ခံ ခုခံမှုကို အမြဲထောက်ခံခဲ့ပါတယ်။ ကြံ့ကြံံခံ ခုခံမှုအား ထောက်ခံမှုသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အခြေခံမူဝါဒများ မှ ဖြစ်ပြီး  အေမာမ် ခိုမေနီ (ရ.ဟ) ၏ စံနှုန်းများနှင့် ရဲဟ်ဗရ်အင်ကေလာဗ် အစ္စလာမ်မီ ၏ လမ်းညွှန်ချက်များတွင် အမြစ်တွယ်နေပြီး ခွန်အား အဖြစ် ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း ဖြစ်ပါတယ်။

 ဒေသတွင်း ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေး လှုပ်ရှားမှုများသည် ဤ ဇီယွန် အစိုးရ အား ပါလက်စတိုင်းနှင့် ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် အဖိနှိပ်ခံ များ အပေါ် စစ်လိုလားမှု နှင့် ရာဇ၀တ်မှုဆိုင်ရာ မူဝါဒများ ဆက်လုပ်ဖို့ ခွင့်မပြုဘူးဆိုတာ သေချာ ယုံကြည်ပါတယ်။

လူကြီးမင်း အနေဖြင့်ကျနော် အတွက် စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးသည့်အတွက် ကျေးဇူး တင်ပါတယ်။ လူကြီးမင်း၏  ဂုဏ်သိက္ခာ၊ ဂုဏ်အသရေ နှင့်  လက်ဘနွန်ပြည်သူများအတွက် သာယာဝ ပြောရေး နှင့် တိုးတက်မှုရေး   မိုဂျာဟစ် ဒေ ဒီးန် ၊ ကြံ့ကြံ့ ခံ ခုခံ တော်လှန်ရေး သူရဲကောင်း များ အတွက် မြင့်မြတ်သောအကူအညီ အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့် ပေးသနား ရန်  အရှင်ထံ ထံ ဒိုအာ ပြု တောင်းခံ အပ်ပါတယ်။

 

မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း

ပြည်သူ့ ရွေးချယ်တင်မြှောက်သည့် သမ္မတ

.......................................................

END / 251