၁၆ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၆
ဂျာမေအသိုလ်မွတ်စ်သဖွာ(ဆွ)အလ်အာလေမီယဟ်တွင် ပညာသင်နှစ်သစ်ဖွင့်လှစ်၊ ထူးချွန်နှင့်ဘွဲ့ရ ကျောင်းသားများအားဘွဲ့လက်မှတ်များနှင့်ဂုဏ်ပြုလက်မှတ်များချီးမြှင့်

ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် တွင် ပညာသင်နှစ်သစ် စတင်သည့် အခါသမယ၌ အစ္စလာမ်သမိုင်း ၊ ဘဝဖြစ်စဥ် နှင့် ယဉ်ကျေးမှုဆိုင်ရာ အဆင့်မြင့်ကျောင်းက ကြီးမှူး၍ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကဏ္ဍများတွင် ထူးချွန် နှင့် ဘွဲ့ ရရှိ ခဲ့သည့် နိုင်ငံအသီးသီးမှ ကျောင်းသားများအား ဘွဲ့လက်မှတ်များ နှင့် ဂုဏ်ပြုလက်မှတ် များ ချီးမြှင့်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာအရ   ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့အစည်း၏ အကြီးအကဲ ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ အလီ အဘာစ်စီ ထင်ရှားသော အိုလမာ ၊  ဆရာများ ၊ တာဝန်ရှိသူများနှင့် ကျောင်းသားအများအပြား တက်ရောက်ခဲ့ကြပါတယ်။ 

အခမ်းအနားတွင် ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ အလီ အဘာစ်စီ က ခက်ခဲသော အခြေအနေများကြားမှ ပညာသင်ကြားရေးနှင့် သင်ကြားပေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပြီး ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၏ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး နှင့် ပညာရေးဗဟိုဌာနတစ်ခုအဖြစ် တာဝန်များကို အလေးပေးပြောကြားခဲ့ပါတယ်။

ထို့အပြင် H.I ဒေါက်တာ နဆေရ် ရဖီအီ က ကျောင်းသားများ၏ ပညာရေးဘဝတွင် ပညာ၊ ဆရာနှင့် အတန်းဖော်  တို့၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာများအား လေးစားမှုနှင့် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံရန် တိုက်တွန်းခဲ့သည်။ H.I ဒေါက်တာ ဟိုစိုင်းန် အဗ်ဒိုလ်မိုဟမ္မဒ်ဒီ ကလည်း ပညာရှာဖွေခြင်း နှင့် အတူ ကိုယ်ကျင့်တရား၊ လေ့ကျင့်ပျိုးထောင်မှုနှင့် ကုရ်အာန်ကျမ်းမြတ် နှင့် ရင်းနှီးမှုတို့၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပါတယ်။

အခမ်းအနားအဆုံးတွင် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကဏ္ဍများတွင် ထူးချွန် နှင့် ဘွဲ့ ရ ခဲ့ကြသော နိုင်ငံအသီးသီးမှ ကျောင်းသားများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုများ ချီးမြှင့်ခဲ့ပါတယ်။ 

အဆိုပါ ဘွဲ့လက်မှတ်များ နှင့် ဂုဏ်ပြုလက်မှတ်များ းသည် ကျောင်းသားများ၏ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခြင်းအပြင် အနာဂတ်တွင် ပညာရေးနှင့် လူမှုရေးတာဝန်များကို ပိုမိုကြိုးစားဆောင်ရွက်ရန် အားပေးမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ 

ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ်  တွင် နှစ်စဥ် ဘွဲ့ရကျောင်းသားများ ၊ ကျောင်းသူများ ကို အခမ်းအနားများ ပြုလုပ်၍ ဘွဲ့လက်မှတ်များ ချီးမြှင့် သလို မပြုလုပ်၍လည်း ချီးမြှင့် ကြောင်း သိရှိရပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha