၁၆ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၇
“ကျွန်ုပ်တို့၏မဟာမိတ်များသည် အီရန်နှင့် သဘောတူညီချက် ရယူလိုနေကြသည်” /အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း

အန်သိုနီ ဘလင်ကင်က အီရန်နိုင်ငံတွင် ယခုအချိန်အထိ လက်နက်အမြောက်အမြား ကျန်ရှိနေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး၊ ဒေသတွင်းနိုင်ငံများသည် လုံခြုံရေးအတွက် ဝါရှင်တန်ကို အပြည့်အဝ မှီခိုနေခြင်းထက် တီဟီရန်နှင့် ဆွေးနွေးညှိနှိုင်းကာ သဘောတူညီချက် ရယူရန် ဦးတည်လာကြကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ၏ သတင်းဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်သိုနီ ဘလင်ကင်က ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်များသည် ၎င်းတို့အား အမေရိကန်ဘက်က ထောက်ပံ့ကာကွယ်ပေးနိုင်စွမ်းနှင့် ပတ်သက်၍ စိတ်ပျက်ကာ ယုံကြည်မှုလျော့နည်းလာကြကြောင်း ပြောဆိုခဲ့ပါတယ်။

၎င်းက အီရန်နှင့် စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားသည့် လမ်းကြောင်းကြောင့် ဒေသတွင်းနိုင်ငံများသည် တီဟီရန်နှင့် သဘောတူညီချက် ရရှိရန် ရှာဖွေလာကြကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ဒေသတွင်းမိတ်ဖက်များက လုံခြုံရေးကိစ္စများတွင် ဝါရှင်တန်ကို အမြဲတမ်း မှီခို၍မရနိုင်ဟု ယူဆကြသဖြင့် အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ ဖြစ်နိုင်ပါက သဘောတူညီချက်များ ရယူရန် ကြိုးပမ်းနေကြကြောင်း ၎င်းက ဆိုပါတယ်။

ဘလင်ကင်က ဆက်လက်၍ ထရမ့်အစိုးရအနေဖြင့် အီရန်နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် ထိရောက်သော စစ်ရေးနည်းလမ်း မရှိကြောင်း၊ အီရန်အပေါ် အကြီးစား စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခြင်းမှအပ အခြားရွေးချယ်စရာ မရှိသလောက်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ပါက နောက်ဆုံးတွင် ဆိုးရွားပြင်းထန်သော အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းက အီရန်နိုင်ငံတွင် ယခုအချိန်အထိ လက်နက်အမြောက်အမြား ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို ဆက်လက်ထုတ်လုပ်နေကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ၎င်း၏ ပြောကြားချက်အရ လက်ရှိအခြေအနေမှ လွတ်မြောက်ရန် လက်ခံနိုင်ဖွယ်ရှိသော စစ်ရေးနည်းလမ်း မရှိဘဲ၊ ယင်းအစား သံတမန်ရေးနည်းလမ်းကို အသုံးပြု၍ ဆက်လက်ရှေ့ဆက်သင့်ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha