အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်အမာလီ သူစီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسین علیه السلام :
لا تَحِلُّ لِعَينٍ مُؤمِنَةٍ تَرَى اللّه يُعصى فتَطرِفُ حتّى يُغَيِّرَهُ.
အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
«အကြင် မိုအ်မင် မည်သူမဆို အတွက် အလ္လာဟ် ဟို အရှင်မြတ် အမိန့် ကို နာမခံ နေသည်ကိုတွေ့ပြီး နောက် ဤ ကိစ္စ အတွက် မိမိတို့ ၏ မျက်လုံး ကို ပိတ် ရန် ခွင့် မပြုထားချေ။ သို့သော် ထို အခြေအနေ ကိုပြောင်း လဲ ပြီး လျင် (မိမိ မျက်လုံး ကို ပိတ် နိုင်ပါသည်။ ) »
ကျမ်းကိုး ။ ။ အလ်အမာလီ သူစီ ကျမ်း ၊ စာမျက်နှာ ၅၅
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် မိမိအရှေ့ တွင် အလ္လာဟ် အမိန့်ကို ဆန့်ကျင် နေသည် ကို တွေ့လျင် ငါနဲ့ ဘာဆိုင်လို့လည်း ဟု ဆိုပြီး နေ၍ မရချေ။ ထို အခြေ အနေ ကို ပြောင်းလဲရန် အလ္လာဟ် အမိန့် ကို မဆန့်ကျင် အောင် ၊ ဆန့်ကျင်ထားသည် ကို စစ်မှန် သည့် နောင်တ ဖြင့် သောင်ဗဟ် ပြုနိုင်အောင် ပြောင်း ပေးနိုင်ဖို့ ကြိုးစားရပါမည်။ ဤကဲ့သို့ ပြုနိုင်ရန် အတွက် အလ္လာဟ် အမိန့် တော်များ နားလည်အောင် သိအောင်လည်း လုပ်ရမည် ဖြစ်ပါတယ်။ အကြောင်းမှာ ကျနော်တို့ ပတ်ဝန်းကျင် တွင် အလ္လာဟ် အမိန့် ကို ဆန့်ကျင်နေသည် ကို ရိုးရိုး လေး ထင် နေကြသည် အတွက်ကြောင့် ဖြစ်ပါတယ်။
****************************************************************
END / 251