၁၄ ဇူလိုင် ၂၀၂၄ - ၂၀:၂၆
  ISIS နှင့် ပဋိပက္ခအတွင်း အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှဟီးဒ် ဖြစ်

အီရတ်နိုင်ငံ ဒီယာလီ ပြည်နယ်တွင် ISIS အကြမ်းဖက်အဖွဲ့ နှင့် ထိပ်တိုက်တွေ့မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များ ရှဟီးဒ် ဖြစ်ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းအထောက်အထား များ အရ အီရတ်နိုင်ငံ ဒီယာလီ ပြည်နယ်တွင် ISIS အကြမ်းဖက်အဖွဲ့ နှင့် ထိပ်တိုက်တွေ့မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များ ရှဟီးဒ် ဖြစ်ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

ဒီယာလီ ပြည်နယ်ရှိ လုံခြုံရေးစစ်ဆင်ရေးကွပ်ကဲသူမှ  ယင်းပဋိပက္ခတွင် အီရတ်စစ်သားများ သည်  ရှဟီးဒ် ဖြစ်ခဲ့ကြပြီး ဒဏ်ရာများလည်း ရခဲ့ကြကြောင်း  ISIS အဖွဲ့ဝင်များလည်း သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒီပဋိပက္ခအပြီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့ ဒီအဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဇွန်လကုန်တွင် အီရတ်တိုက်ခိုက်ရေးသမားများသည် ဒီယာလီ နှင့်ကရ်ကူက် ပြည်နယ်နှစ် ခုရှိ ISIS ၏ သိုလှောင်ရုံ နှင့် ကားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးဟာ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ "အမှန်တရား၏ ဓားရှည်များ " စစ်ဆင်ရေး သတ္တမအဆင့် နှင့် တချိန်တည်းမှာပဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

.......................................................

END / 251