၂၂ ဇူလိုင် ၂၀၂၄ - ၁၃:၅၅
ပြဿနာ နှင့် ပတ်သက်သည့် ပွိုင့် သုံးချက်

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ပြဿနာ နှင့် ပတ်သက်သည့် ပွိုင့် သုံးချက် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

إنَّ الفِتَنَ إذا أقبَلَت شَبَّهَت ، و إذا أدبَرَت نَبَّهَت ، يُشَبِّهنَ مُقبِلاتٍ و يُعرَفنَ مُدبِراتٍ ، إنَّ الفِتَنَ تَحومُ كالرِّياحِ يُصِبنَ بَلَدا و يُخطِئنَ اُخرى.

 

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  သတိပြုပါလေ။ ပြဿနာများ လာသည့် အခါ လူများကို သံသယဖြစ်စေ မှု ကို ဖြစ်စေပါသည်။ ပြန်သွားသည့် အခါ သတိ ထားမှု ကို ဖြစ်စေပါသည်။  (ပြဿနာ များ ) လာသည့် အချိန် သူကို မသိနိုင်ပေမဲ့ ပြန်သွားသည့် အချိန် သိရပါသည်။ (ပြဿနာများ ) ဟာ လေများ ပမာ လှည့်ပတ် ပြီး မြို့ တစ်မြို့ မြို့ ကို မိမိ အောက် ထည့် လိုက် ပြီး တခြား (မြို့) ကို လျစ်လျူရှု ကြပါသည်။  »

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ခွသ်ဗဟ် အမှတ် ၉၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ပြဿနာ ပတ်သက်သည့်  ပွိုင့် သုံးချက် ကို မောင်လာ အလီ (အ.စ) တင်ပြထားပါတယ်။ ပထမပွိုင့်ကတော့  ပြဿနာ လာရင် လူတွေကို သံသယ ဖြစ်အောင် လုပ်ပါတယ်။ ဥပမာ ပြဿနာ ရှာသူ တယောက် ပြဿနာ လုပ်ရင် လူတွေက သူဘဲ အမှန်တရား ဘက်က ရှိတာလား? သူပြဿနာ လုပ်သည့် သူဘဲ အမှန်တရာဘက်က ရှိတာလား? စသည်ဖြင့် သံသယများ ဝင်ကြပါတော့ တယ်။ ဒုတိယ ပွိုင့် ကတော့ ပြဿနာ လာချိန် မသိပေးမဲ့ သူပြန်တဲ့အချိန် (ပြီးသွားသည့်အချိန်) မှ ‌ဪ ဒါ ပြဿနာ ပါလား ? ပြဿနာ လုပ်သည့်သူပါလား? ဆိုတာ သိကြရတာ ဖြစ်ပါတယ်။ တတိယ ပွိုင့် ကတော့ ပြဿနာ က သူလာရင်  မြို့ တစ်မြို့ (သို့မဟုတ် တစ်ချို့ မြို့များ) ကို စွဲထည့် ပြီး အခြား မြို့ကို တော့ လျစ်လှူ ရှု ပေးခြင်း ဖြစ်ပါတယ်။ ဤနေရာ မှ ပြဿနာ ရှာတာ နှင့် ရှရီအသ် ကို ထောက်ပြတာ ကို လည်း ကွဲပြား စွာ သိရှိနားလည်း နိုင်ဖို့ မြင်နိုင်ဖို့ လိုပါတယ်။

****************************************************************

END / 251