အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်း အထောက်အထားများ အရ အီရတ် နိုင်ငံ ပဆွရဟ် ပြည်နယ် ရာစိုလ်ဘီရှဟ် ဒေသသည် ကရ်ဗလာ နှင့် ကီလိုမီတာခြောက်ရာအကွာတွင်တည်ရှိပါတယ်။ ဤဒေသမှ ပုဂ္ဂိုလ်များ သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုရန် ခက်ခဲကြမ်းတမ်း လမ်းများကို ဖြတ်ကျော် ၍ နှစ်ပတ်အတွင်း သို့မဟုတ် ရက် ၂၀ အတွင်း ကရ်ဗလာ သို့ ရောက်ရှိ ကြပါတယ်။
အီရတ်နိုင်ငံ ၏ ပြည်နယ်အသီးသီး မှ ကရ်ဗလာ သို့ လမ်းလျှောက် ဇေယာရသ် ပြု သူများ သို့မဟုတ် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အဇါဒါရီပြုသူများ ၏ ခြေလျင် ဇေယာရသ် စ လျှောက် သူ များ ၏ အရေအတွက်သည် လွန်ခဲ့သည့်နှစ်များ ထက် တိုးလာပါတယ်။
ရာစိုလ်ဘီရှဟ် ဧရိယာမှ ကရ်ဗလာ သို့ လမ်းလျှောက်ခရီး စတင်သည့် အရ်ဗအီးန် ဇေယာရသ် ပြုသူများ ၏ ဓာတ်ပုံများ ထုတ်ဝေမှုနှင့်အတူ အခြားနိုင်ငံမှ ဇေယာရသ် ပြုသူများ သည် မိမိတို့၏ နိုင်ငံမှ ကရ်ဗလာ သို့ ထွက်ခွာသွားသည့် ဇေယာရသ် ပြုသူများ ၏ ဓာတ်ပုံများ နှင့် ဗီဒီယိုများကိုလည်း ထုတ်ဝေခဲ့ပါတယ်။
ဤဗီဒီယိုများထဲမှတစ်ခုတွင် လူငယ်များစွာသည် ဟိုစိုင်းန်နီ အလံများ ကိုင်ဆောင်ကာ ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ခြေလျင် ခရီး အားခက်ခဲ ကြမ်းတမ်းသည့် တောင်တက် လမ်းများ မှ စတင် နေကြောင်း ပြသ ထားပါတယ်။
.......................................................
END / 251