၃၀ ဇူလိုင် ၂၀၂၄ - ၀၅:၄၅
လက်ဘနွန်ကို တိုက်ခိုက်မှုအတွက် ဇီယွန်ဝါဒီအစိုးရသည် ကြီးလေးသောတန်ဖိုး ကို ပေးဆောင်ရမည်ဟု အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း  မှ ပြင်သစ်သမ္မတ အားပြောကြား

လက်ဘနွန်ကို တိုက်ခိုက်ပါက ဇီယွန်ဝါဒီ အစိုးရသည် ကြီးလေးသော တန်ဖိုး ပေးဆောင်ရမည်ဟု အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် သည် အီရန်သမ္မတ ဒေါက်တာ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း  အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ၎င်း၏ သမ္မတအဖြစ် ရွေးချယ်ခံရမှုအတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအခါသမယမှာ ပြင်သစ်သမ္မတ မှ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း၏ နိုင်ငံခြားရေးမူဝါဒကို ချီးကျူးခဲ့ပြီး အီရန်နဲ့ ဥရောပနိုင်ငံတွေကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ ပြင်သစ်ကြား ရှည်လျားတဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ဆက်ဆံရေး သမိုင်းကြောင်း ရှိတယ်လို့ အီရန်သမ္မတ ဒေါက်တာ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ပြောဆိုခဲ့ပါတယ်။ အီရန်သည် နှစ်နိုင်ငံကြား ရိုးသားမှုနှင့် ယုံကြည်မှုကို အခြေခံသည့် ဆက်ဆံရေးကို ချဲ့ထွင်ရန် အသင့်ရှိနေကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲအတွင်း နိုင်ငံခေါင်းဆောင်နှစ်ဦးသည် ဂါဇာအပါအဝင် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြပါတယ်။ အီရန်သမ္မတက ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ယုတ်မာမှုများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဇီယွန်အစိုးရသည် လွန်ခဲ့သည့် ၇၅ နှစ်အတွင်း ပါလက်စတိုင်းတွင် ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရ၏ လက်ဘနွန်အပေါ် ရန်စမှုများရှိလာပါက ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းန မှ  ပြောကြားခဲ့ပါတယ်။

.......................................................

END / 251