၂၉ စက်တင်ဘာ ၂၀၂၄ - ၀၆:၁၉
   ရှဟီးဒ် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အား ဇီယွန် (ခ) အစ္စရေး အစိုးရ ၏ လုပ်ကြံသတ်ဖြတ်သည့် ကိစ္စ အတွက် လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေး ပြုလုပ်ရန် အီရန် ပြောကြား

ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ အကြီးအကဲများထံ လိပ်မူထားသော စာတစ်စောင်တွင် ကုလသမဂ္ဂ ရှိ အီရန် အမြဲတမ်း ကိုယ်စားလှယ်မှ ဇီယွန် (ခ) အစ္စရေး အစိုးရ ၏ မကြာသေးမီက ကျူးလွန်ခဲ့ကြသည့် ရာဇဝတ်မှု လုပ်ရပ်များ နှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ ကုလသမဂ္ဂဆိုင်ရာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  ဆိုင်ရာ သံအမတ်ကြီး အမီးရ် စအီးဒ် အီရ်ဝါနီ  သည် လက်ဘနွန်နိုင်ငံ အပေါ် ဇီယွန်ဝါဒီအစိုးရ၏ မကြာသေးမီက ကျူးလွန်ခဲ့ကြသည့် ရာဇဝတ်မှု လုပ်ရပ်များ နှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌထံ စာတစ်စောင်ရေးသားခဲ့ပါတယ်။

အမီးရ် စအီးဒ် အီရ်ဝါနီ  မှ မိမိ၏ စာတွင် ဟစ်ဘွလ္လာဟ် အဖွဲ့ ခေါင်းဆောင်အား ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဤသူရဲဘောကြောင်သည့် လုပ်ရပ်ပြီးနောက် ဒေသတွင်း လုံခြုံရေးနှင့် လုံခြုံရေးအပေါ် အလွန်ဆိုးရွားသော သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

လက်ဘနွန်နှင့် ပါလက်စတိုင်းတို့၏ အခြေအနေများနှင့် ဇီယွန်ဝါဒီများ၏ ရန်စမှုများနှင့်ပတ်သက်၍ လုံခြုံ ရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးခေါ်ယူသင့်သည်ဟု အမီးရ် စအီးဒ် အီရ်ဝါနီ   ပြောကြားခဲ့ပါ တယ်။

လက်ဘနွန်ကို တိုက်ခိုက်ရာတွင် ဇီယွန်အစိုးရသည် အမေရိကန်လက်နက်များကို အသုံးပြုခဲ့သည်ဟု မိမိ၏ စာတွင် အမီးရ် စအီးဒ် အီရ်ဝါနီ   ရေးသားခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုများကြောင့် အစ္စရေးသည် အရှေ့အလယ်ပိုင်းကို ပျက်သုဉ်းသွားစေနိုင်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှု ကို ကျူးလွန် ခဲ့သူ ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

လွန်ခဲ့သည့်တစ်နှစ်အတွင်း ဂါဇာ ရှိ ဇီယွန်ဝါဒီအစိုးရသည် မီးနှင့်သွေးများ ဖြင့် ကစားခဲ့ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  ဆိုင်ရာ သံအမတ်ကြီး အမီးရ် စအီးဒ် အီရ်ဝါနီ မှ  ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လုံခြုံရေးကောင်စီသည် ဤကိစ္စနှင့် ပတ်သက်၍ ထိရောက်သော မဟာဗျူဟာကို ချမှတ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ယနေ့ ဇီယွန်အစိုးရသည် စစ်ပွဲ၏ နယ်ပယ်ကို ချဲ့ထွင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ဇီယွန်ဝါဒီအစိုးရသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီ(ခ) အစ္စရေး အစိုးရသည် စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာအသိုက်အဝန်းအား အဖြေပေးရန် တာဝန်ရှိသူ ဖြစ်ကြောင်း သံအမတ်ကြီး အမီးရ် စအီးဒ် အီရ်ဝါနီ  မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251