၁ အောက်တိုဘာ ၂၀၂၄ - ၀၅:၀၂
အဖိနှိပ်ခံများကို ထောက်ပံ့ခြင်း၏ အကျိုးဆဝါးဗ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် အဖိနှိပ်ခံများ(မဇ်လူးမ် များ) ကို ထောက်ပံ့ခြင်း၏ အကျိုးဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာ ရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَنْ أَخَذَ لِلْمَظْلومِ مِنَ الظّالِمِ كانَ مَعىَ فِى الْجَنَّةِ تَصاحُبا۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  အကြင်မည်သူ မဆို ဇွာလင်းန် (ဖိနှိပ် ညှဉ်းဆဲ ရက်စက်) သူ ထံ မှ အဖိနှိပ်ခံများ(မဇ်လူးမ် များ)  ၏ ရပိုင်ခွင့် အား ရအောင် ကြိုးပမ်းပေးခြင်း (အဖိနှိပ်ခံများ(မဇ်လူးမ် များ) ဘက်မှ ကာကွယ်ပေးခြင်း) ပြုသူသည် ကျွန်ုပ် နှင့် အတူ ဂျန္နသ်(ခ) သုခဘုံ တွင် ရှိမည် ဖြစ်ပါသည်။   »

ကျမ်းကိုး ။ ။ ဘေဟာ ရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၁  ၊ စာမျက်နှာ ၂၇၈

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် အဖိနှိပ်ခံများ (မဇ်လူးမ် များ) ဘက်မှ မိမိတို့ စွမ်းသည့် ဘက်မှ  ကြိုးပမ်းပေးရမည်ဖြစ်ပါတယ်။ ထိုပြင် ဤ ကောင်းမှု၏ အဆင့် ကိုလည်း သိရှိ နိုင်မည် ဖြစ်ပါ တယ်။ အဖိနှိပ်ခံများ (မဇ်လူးမ် များ) ဘက်မှာ အနည်းဆုံး ၎င်းတို့ အတွက် ဒိုအာ တောင်းပေးခြင်း သတင်းပေးများ ရှယ်ပေးခြင်း စသည်ဖြင့် လည်း ပါဝင်သင့်ပါတယ်။

****************************************************************

END / 251