အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာ ရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
مَنْ أَخَذَ لِلْمَظْلومِ مِنَ الظّالِمِ كانَ مَعىَ فِى الْجَنَّةِ تَصاحُبا۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အကြင်မည်သူ မဆို ဇွာလင်းန် (ဖိနှိပ် ညှဉ်းဆဲ ရက်စက်) သူ ထံ မှ အဖိနှိပ်ခံများ(မဇ်လူးမ် များ) ၏ ရပိုင်ခွင့် အား ရအောင် ကြိုးပမ်းပေးခြင်း (အဖိနှိပ်ခံများ(မဇ်လူးမ် များ) ဘက်မှ ကာကွယ်ပေးခြင်း) ပြုသူသည် ကျွန်ုပ် နှင့် အတူ ဂျန္နသ်(ခ) သုခဘုံ တွင် ရှိမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာ ရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၇၈
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် အဖိနှိပ်ခံများ (မဇ်လူးမ် များ) ဘက်မှ မိမိတို့ စွမ်းသည့် ဘက်မှ ကြိုးပမ်းပေးရမည်ဖြစ်ပါတယ်။ ထိုပြင် ဤ ကောင်းမှု၏ အဆင့် ကိုလည်း သိရှိ နိုင်မည် ဖြစ်ပါ တယ်။ အဖိနှိပ်ခံများ (မဇ်လူးမ် များ) ဘက်မှာ အနည်းဆုံး ၎င်းတို့ အတွက် ဒိုအာ တောင်းပေးခြင်း သတင်းပေးများ ရှယ်ပေးခြင်း စသည်ဖြင့် လည်း ပါဝင်သင့်ပါတယ်။
****************************************************************
END / 251