၆ အောက်တိုဘာ ၂၀၂၄ - ၁၉:၃၁
  အီရန် ၏ အစ္စရေး အပေါ်  တိုက်ခိုက်မှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်မှုဟု နေတန်ယာဟု ဝန်ခံ

ဇီယွန်အစိုးရ၏ ဝန်ကြီးချုပ် နေတန်ယာဟု မှ အီရန် ၏ အစ္စရေး အပေါ် ဒုံးကျည်ရာနှင့်ချီ တိုက်ခိုက်မှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ကြောင်း ဝန်ခံ ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ ဇီယွန်ဝါဒီ ၀န်ကြီးချုပ် နေတန်ယာဟုက စနေနေ့နှင့် တနင်္ဂနွေနေ့ ကြား တွင် အီရန်၏ တန်ပြန် တိုက်ခိုက်ရေး ကတိပြုထားသော "ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၂ " (ခ) " စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၂ " ကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် ကျွန်ုပ်တို့အတွက် အကြီး မား ဆုံး ခြိမ်းခြောက်မှုဖြစ်ပြီး အီရန်သည် အစ္စရေးနိုင်ငံသမိုင်းတွင် ဒုံးကျည် ရာနှင့်ချီ ပစ်ခတ်ခဲ့ကြောင်း ဝန်ခံ ပြောကြား ခဲ့ပါတယ်။

အီရန်၏ ဤ" စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၂ " စစ်ဆင်ရေးအပြီးတွင် အနောက်နိုင်ငံများက နေတန်ယာဟုအား မည်သည့်လုပ်ရပ်မျိုးမှ မလုပ်ရန်  ရှောင်ကြဉ်ရန် တောင်းဆိုထားကြောင်း ထိုတောင်းဆို မှုကြောင့် ပြင်သစ် သမ္မတ မက်ခရွန်နှင့် နေတန်ယာဟုတို့ကြား ခါးသီးသောစကားလုံးများကို ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရပါတယ်။

.......................................................

END / 251