၁၁ အောက်တိုဘာ ၂၀၂၄ - ၁၂:၃၉
ဟစ်ဘွလ္လာဟ် ၏ သူလျှိုဒရုန်းများသည် ဇီယွန်အစိုးရ၏ အရေးကြီးသော ကာကွယ်ရေး နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို ရိုက်ကူးပြသ + ဗီဒီယို

Al Jazeera ရုပ်သံလိုင်း၏ အစီရင်ခံစာအရ ဟစ်ဇ်ဘိုလာ၏ သူလျှိုဒရုန်းများသည် ဇီယွန်အစိုးရ၏ အရေးကြီး သော ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို ရိုက်ကူးပြခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟစ်ဘွလ္လာဟ် အဖွဲ့သည် သိမ်းပိုက်ထားသော နယ်မြေအတွင်း အစ္စရေး၏ တပ်ဆင်မှုများအား အောင်မြင်စွာ ရိုက်ကူးပြသထားသည့် " ဟွဒ်ဟွဒ် " သူလျှိုဒရုန်းအား ပြသသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် အဖွဲ့ မှ ထုတ်ပြန်သော ဗီဒီယိုသည် Haifa နှင့် Karmal တို့တွင် ထိလွယ်ရှလွယ် နှင့် အရေး ကြီးသော အစ္စရေး အစိုးရ တပ်ဆင်မှု ဗီဒီယိုဖိုင်ကို ပြသထားပါတယ်။

ထို့အပြင် ဗီဒီယိုတွင် Kiryat Nahum စက်မှုဇုန်၊ Haifa ရေနံချက်စက်ရုံ၊ Kiryat Ata စက်မှုဇုန်၊ Mishar ရေနံချက်စက်ရုံ၊ Haifa ရှိ Iron Dome စနစ်နှင့် အခြားသော ကာကွယ်ရေး တပ်ဆင်မှု မြင်ကွင်းများ ပါဝင်ပါတယ်။

ဗီဒီယိုရှိ ပုံရိပ်များနှင့် မြင်ကွင်းအားလုံးသည် အလွန်ရှင်းလင်းပြတ်သားပြီး ပွင့်လင်းမြင်သာမှုရှိပြီး ဒရုန်းတွင် တပ်ဆင်ထားသည့် ကင်မရာ၏ တိကျမှုနှင့် စွမ်းဆောင်ရည်ကို ကောင်းစွာ ခန့်မှန်းနိုင်သည်ကို သတိပြုသင့် ပါ တယ်။

မိနစ်အတော်ကြာ သိမ်းပိုက်ထားသော နယ်မြေများကို အောင်မြင်စွာ ရိုက်ကူးပြီးနောက် ဒရုန်း လေယာဉ်သည် လက်ဘနွန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

 

.......................................................

END / 251