အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar New သတင်းအထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် လက်ဘနွန် လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဘေရွတ်မြို့သို့ ယနေ့ အောက်တိုဘာလ ၁၂ရက်နေ့ ၂၀၂၄ခုနှစ် တွင် ရောက်ရှိလာပြီဖြစ်ပါတယ်။
လက်ဘနွန်သို့ ရောက်ရှိပြီးနောက် သတင်းထောက်များနှင့် စကားပြောစဉ်တွင် အစိုးရနှင့် အီရန်ပြည်သူများသည် လက်ဘနွန်ပြည်သူများဘက်မှ အမြဲရပ်တည်နေပြီး အစိုးရနှင့် ခုခံကာ အခက်ခဲဆုံးအခြေအနေတွင် ၎င်းတို့နှင့်အတူ ရှိနေကြောင်း မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် လက်ဘနွန်နိုင်ငံမှ ပါလီမန်များသမဂ္ဂ ထိပ်သီးအစည်းအဝေး (IPU) သို့ တက်ရောက်ရန် ဂျီနီဗာသို့ သွားရောက်မည်ဖြစ်ပါတယ်။
.......................................................
END / 251