အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် သည် ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်း တိုက်ခိုက်မှုတွင် ရှဟီးဒ် ပြီဖြစ်ကြောင်း Maher News Agency မှ အယ်လ်မာယာဒင်အား ကိုးကား၍ တင်ပြထားပါတယ်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဇီယွန်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် နှင့် ၎င်း၏ အပေါင်းအပါများ ရှဟီးဒ် ဖြစ် ခဲ့ရခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထား ပါတယ်။
H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် သည် H.I ရှဟီးဒ် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ညာလက်ဖြစ်သည်ဟု ဟစ်ဘွလ္လာဟ် ကပြောခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် အနေဖြင့် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ၏ ရှဟာဒသ် အတွက် အေမာမ် ဇမာန်း (အ.ဂျ) ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၊ ဟောင်ဇေအေလ်မီယေများ နှင့် ကြံ့ကြံ့ခံ ခုခံရေးသမား မိုဂျာဟစ်ဒ်ဒီးန် များ ကို ဝမ်းနည်း ကြေကွဲ ရကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် မှ ခုခံမှုပန်းတိုင်များနှင့် ရန်သူကို ပြီးပြည့်စုံသော အောင်ပွဲရသည်အထိ ဤလမ်းကြောင်းအတိုင်း ဆက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ အာဇာနည်များအား ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြခဲ့ပါတယ်။
.......................................................
END / 251