အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ အရ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် အိုစာမာ ဟန်မ်ဒါန် သည် ဇီယွန်ဝါဒီ အကျဉ်းသားများ လွတ်မြောက်ရေး နှင့် စပ်လျဉ်း၍ ဟားမတ်စ်ကိုယ်စား အခြေအနေတစ်ရပ်ကို တင်ပြခဲ့ကြောင်း Maher သတင်းဌာနက အယ်လ်မာယာဒင်အား ကိုးကား၍ ပြောကြားခဲ့ပါတယ်။
အစ္စရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဂါဇာတွင် ရန်စမှုများနှင့် ဇီယွန်ဝါဒီတပ်များ ဆုတ်ခွာခြင်း သည် သတ်မှတ်ချက် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အီဂျစ်နှင့် ကာတာတို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေကြသော်လည်း ဟားမတ်စ်က ၎င်း၏မူများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိုစာမာ ဟန်မ်ဒါန် မှ ပြောကြား ခဲ့ ပါတယ်။
ဟားမတ်စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး အကြံပြုချက်များကို လက်ခံရယူရန် ကိုင်ရိုမြို့သို့ သွားရောက်ခဲ့သော်လည်း ယင်းမှာ ဟားမတ်စ်တို့၏ ရပ်တည်ချက် ပြောင်းလဲ မည် မဟုတ်ကြောင်း အိုစာမာ ဟန်မ်ဒါန် မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်းရှိ ဇီယွန်ဝါဒီစစ်အာဏာပိုင်များ၏ ကြံစည်မှုများသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပါလက်စတိုင်းလူမျိုးများနှင့် မိုဂျာဟစ်ဒ်ဒီးန် တို့သည်စုပေါင်း ၍ ဇီယွန်ဝါဒီများ၏ ယုတ်မာ ဆိုးရွားသည့် ရည်မှန်းချက်များကို ချေမှုန်းပစ်မည်ဖြစ်ကြောင်း ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် အိုစာမာ ဟန်မ်ဒါန် မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251