၂၇ အောက်တိုဘာ ၂၀၂၄ - ၀၆:၂၇
သဖ်သာန် တွင် အီရန်ရဲများကို အကြမ်းဖက် သားများ၏ တိုက်ခိုက်မှုကြောင့် ရဲ ၁၀ ဦး ရှဟီးဒ် ဖြစ်

သဖ်သာန် မြို့ ဂေါင်ဟရ်ကူဟ် ဧရိယာတွင် လက်နက်ကိုင် အကြမ်းဖက် သမား များ၏ တိုက်ခိုက်မှုကြောင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရဲ ၁၀ ဦး ရှဟီးဒ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher အေဂျင်စီ၏ အစီရင်ခံစာအရ သဖ်သာန် မြို့ ဂေါင်ဟရ်ကူဟ် ဧရိယာတွင် ဒေသရှိ အီရန် ရဲကင်း လှည့်တပ်ဖွဲ့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း ရဲများ နှင့် အရပ်သား များ အသက်ဆုံးရှုံးခဲ့ရကြောင်း  သိရှိ ရပါ တယ်။

ထို့အပြင် အီရန် နိုင်ငံ ၏ စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ်မှရဲအရာရှိတစ်ဦးက သဖ်သာန် မြို့မစတင်မီ နာရီ အနည်းငယ် အလိုတွင်လက်နက်ကိုင်လူဆိုးများသည်ရဲအရာရှိများနှင့်ထိပ်တိုက်တွေ့ခဲ့ပြီးအရာရှိ အချို့ အသက် ဆုံးရှုံး ခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု အား အကြမ်းဖက် အဖွဲ့ Jaish-e-Zalum အကြမ်းဖက်အဖွဲ့ မှ မိမိ တို့ တိုက််ခိုက်သည့် ဖြစ်ကြောင်း ဝန်ခံ ခဲ့ပါတယ်။

တစ်ဖက်တွင်မူ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် အီရန်ပြည်ထဲရေးဝန်ကြီးက ဂေါင်ဟရ်ကူဟ် သဖ်သာန် အကြမ်းဖက်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ရဲတပ်မှူးများ နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားခဲ့ပြီး ရလဒ်များနှင့်ပတ်သက်၍ အများပြည်သူကို ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။

 

အီရန်ပြည်ထဲရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုတွင် ရဲအရာရှိ နှင့် ကေဒါ ၁၀ ဦး ရှဟီးဒ် ဖြစ် ခဲ့ကြောင်း သိရပါတယ်။

.......................................................

END / 251