အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
SaharNews အစီရင်ခံ စာ အရ ရေးသား သီးကုံးထားမှုသည် ဟဒီးစ် ၊ စေလ်စလသိုလ်ဇ်ဇဟဗ် ၊ ဇေယာရသ် အေမာမ် ရေဇာ (အ.စ) ဆိုင်ရာ စည်းကမ်းများ ၊ဇေယာရသ် ဆိုင်ရာ ယဥ်ကျေးမှု ၊ ဇေယာရသ် ပြုသူများ စသည် ခေါင်းစဥ်များ ဖြစ်ကြပြီး ကမ္ဘာ့ ဘာသာစကားများ ဖြစ်ကြသည့် ပြင်သစ်၊ အင်္ဂလိပ်၊ တာဂျစ်၊ အာရဘီ ၊ ရုရှ၊ ဟာဆာ၊ အူရဒူ၊ အာဇာရီ၊ ဂျာမန်၊ ဘင်္ဂလီ အစရှိသည် ဘာသာစကားများ ဖြင့် ဘာသာပြန် ထုတ်ဝေထားပါတယ်။
အောက်တွင် ကျွန်ုပ်တို့သည် စာဖတ်သူများအတွက် ဘာသာစကားအမျိုးမျိုးဖြင့် ဤစင်တာမှထုတ်ဝေသော စာအုပ်အချို့ကို တင်ပြ ထားပါတယ်။
ဟာဆာဘာသာစကားဖြင့် "စဖရ်ပါခိုရ်ရှီးဒ် " စာအုပ်ကို ဘာသာပြန်ခြင်းနှင့် ထုတ်ဝေခြင်းပြုခဲ့ပါ တယ်။ တမန် တော်မြတ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) သည် အမြဲတမ်း မိမိတို့၏ နောက်လိုက် နောက်သားများ အတွက် ပညာရပ် ဆိုင်ရာ စံနမူနာများ ဖြစ်ကြပါတယ်။ တမန် တော်မြတ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) သည် မိမိတို့၏ လက်တွေ့ ဘဝတည် ဆောက်မှု ဖြင့် အီမာန် ရှင်များ ကိုလမ်းညွှန် ခဲ့ပါတယ်။ "စဖရ်ပါခိုရ်ရှီးဒ် " စာအုပ်သည် မအ်စးမီးန် (အ.စ) ၏ဘဝ နေထိုင်မှုပုံစံအကြောင်း စာဖတ်သူများအား အလင်းပေးရန်အတွက် ရေးသား ခဲ့ခြင်းဖြစ်ပါ တယ်။ ဤစာအုပ်အား ဂျနာဗ် မိုဟမ္မဒ် သကီဖအာလီ မှ ရေးသားသီးကုံးထားပြီး အာဖရိကနှင့် အာရှ ဘာသာ စကားများဖြင့် ဘာသာပြန်ဆိုထားပြီး ဖြစ်ပါတယ်။
"အာဒါဗ်ဗို ဇေယာရသ် သေ အေမာမ် ရေဇာ (အ.စ) )" စာအုပ်သည် ဟဇရသ် အေမာမ် အလီယိုဗ်နေ မူစာရ်ရေဇာ (အ.စ) ၏ ဇေယာရသ် ဆိုင်ရာ ကျင့်ဝတ်များ နှင့် ရည်ရွယ်ချက် များကို ဖော်ပြထားသော ထင်ရှားသော စာအုပ်အနည်းငယ်ထဲမှ တစ်အုပ်ဖြစ်ပါတယ်။
ထိုပြင် "အေမာမ် ရေဇာ (အ.စ) အေမာမ်မေ ဟရှ်သွန်မ်မေ ရှီအဟ်ယာန်း " စာအုပ်သည် စာအုပ် ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ၎င်း စာအုပ် အား အစ္စလာမ့်သုတေသနဖောင်ဒေးရှင်းမှ ဥရောပ ဘာသာစကားများ ဘာသာပြန်ရေး အုပ်စု မှ ဘာသာပြန်ခဲ့သည် စာအုပ် ဖြစ်ပါတယ်။
ဤစာအုပ်တွင် အေမာမ် ရေဇာ (အ.စ) ၏ဘဝသမိုင်း၊ ကိုယ်ကျင့်တရားအရည်အသွေးများ၊ လူမှုရေး၊ နိုင်ငံရေး ၊ ပညာရေးဆိုင်ရာ ကဏ္ဍများ ကို အခြားဘာဘာသခြားအာလင်မ်များ နှင့် အပြန်အလှန် ဆွေးနွေးမှုများ နှင့် အေမာမ် ရေဇာ (အ.စ) ရှဟာဒသ် စသည် တို့ကို အသေးစိတ် ရေးသားသီးကုံးထားသည့် စာအုပ် ဖြစ်ပါတယ်။
" ဟဇရသ် အေမာမ် အလီယိုဗ်နေ မူစာရ်ရေဇာ (အ.စ) အေမာမ် ရာဖသ် ဝမအ်ရေဖသ် " စာအုပ်တွင်အေမာမ် ရေဇာ (အ.စ) ၏ သက်တော် ၊ ဘုန်းကံ၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေး စရိုက်တို့ကို အခြားသော ဘာသာအာလင်မ် များနှင့် အပြန်အလှန် ဆွေးနွေးများကို ဖော်ပြထားပါတယ်။
ထိုပြင် အစ္စလာမ်သုတေသနဖောင်ဒေးရှင်းမှ "ဖဇီးလသ်သေ ဇေယာရသ် သေရဇဝီ " စာအုပ် ကိုအူရ်ဒူ နှင့် အာဇရီ ဘာသာစကားနှစ်မျိုးဖြင့် ဘာသာပြန်ဆိုထားပါတယ်။ ၎င်းအပြင် "အာရာမ်ဂါဟ်ဟာယေ ခာန်ဒါန်နေ ပါက် ကေ ဗရာမ်းဗရ် (ဆွ) " ၊ "အာယေနဟ်အေ မအ်ရေဖသ် "၊ "သာရီးခ် ခေအစ္စလာမ် "၊ "ဒရ်စ်ဟာ ဝ အေဗရာသ်ဟာ " စသည် စာအုပ်များ ကိုလည်း အူရဒူဘာသာသို့ ပြန်ဆိုထားပါတယ်။ "သာရီးခ် ခေအစ္စလာမ် "၊ "ဒရ်စ်ဟာ ဝ အေဗရာသ်ဟာ "စာအုပ် နှစ်အုပ် ကိုလည်း အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် မိုဟမ္မဒ် သကီ မိုဒရစီ ရေးသားထား သည့် (التاریخ الاسلامی دروس و عبر) စာအုပ်၏ ဖါရစီ(ပါရှန်း) ဘာသာ ဖြင့် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
.........................................................................
END / 251