၁၈ နိုဝင်ဘာ ၂၀၂၄ - ၁၂:၄၈
ဟစ်ဘွလ္လာဟ် ၏ ဒုံးကျည် နှင့် ရော့ကက် တိုက်ခိုက်မှုများ သည် ဇီယွန်ဝါဒီများ ၏ တပ်ဆင်မှုများ ကို ဆက်လက် လုပ်ဆောင် လျက်ရှိ

ဟစ်ဘွလ္လာဟ် သည် သိမ်းပိုက်ထားသော နယ်မြေများရှိ ဇီယွန်ဝါဒီများ တပ်ဆင်ထားသည့်နေရာများ ဒုံးကျည်များ နှင့် ရော့ကက် များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟစ်ဘွလ္လာဟ် အဖွဲ့သည် လက်ဘနွန်တောင်ပိုင်းမှ ဇီယွန်တပ်စခန်းများနှင့် စစ်ဘက်ဆိုင်ရာစင်တာများကို ဆက်တိုက် ၊ တိုက်ခိုက်နေသည်ဟု အယ်လ်ဂျာဇီးရားသတင်းဌာနကို ကိုးကား၍ Maher သတင်းအေဂျင်စီ မှ  ပြောကြား ခဲ့ပါတယ်။

မိုဂျာဟစ်ဒ်ဒီးန် သည် လက်ဘနွန်နယ်စပ် တောင်ပိုင်းတွင် မော်တာကျည်များဖြင့် တိုက်ခိုက်ခြင်းဖြင့် ဇီယွန်စစ်တပ်၏ Merkava တင့်ကားတစ်စီးကို ဖျက်ဆီးခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။ Merkava  တင့်ကားထဲတွင် စစ်သားများလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

ဟစ်ဘွလ္လာဟ် မှ  ဇီယွန်နစ်မြို့တောင်ဘက်ရှိ ခါယမ်မြို့တောင်ဘက်ရှိ ဇီယွန်စစ်တပ်ကိုလည်းတိုက်ခိုက် ခဲ့ ပြီး ရန်သူသည် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

တစ်ဖက်တွင်မူ ဇီယွန်ဝါဒီ မီဒီယာများက ဟစ်ဘွလ္လာဟ် သည် သိမ်းပိုက်ထားသော ပါလက်စတိုင်း၏ နေရာအသီးသီးတွင် ကျရောက်ခဲ့သော ဒုံးကျည်များနှင့် ရော့ကက်  ဒါဇင်ပေါင်းများစွာကို ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ကြပါတယ်။

 

သတင်းရင်းမြစ်များ၏ အဆိုအရ Al-Jalil တွင် ဟစ်ဘွလ္လာဟ် တိုက်ခိုက်မှုများကြောင့် အချက်ပေးဥသြ သံ များ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်။

.......................................................

END / 251