၂၁ နိုဝင်ဘာ ၂၀၂၄ - ၁၆:၃၄
သက္က်ဖီးရီ အဖွဲ့  ၏ လက်ချက် ဖြင့် ပါကစ္စတန် ရှီအဟ် မွတ်စလင်မ်  ဒါဇင်ပေါင်းများစွာ ရှဟီးဒ် လုပ်ခံရ  + ဗီဒီယို  နှင့် ဓာတ်ပုံ

အဗ်နာ သတင်းထောက် ၏ အစီရင်ခံစာအရ ကံမကောင်းစွာဖြင့် ပါကစ္စတန်နိုင်ငံ " စီဒဟ်" ဒေသ တွင် ပါရာဂျနာရ် မြို့ မှ ပေရှားဝရ် မြို့သွားနေသည့် ခရီးသည် ကား များ ကို သက္က်ဖီးရီ အဖွဲ့ မှ တိုက်ခိုက်ခဲ့ပါတယ်၊ ဤ တိုက်ခိုက်မှုကြောင့် ရှီအဟ် မွတ်စလင်မ် ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိ ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်နာ သတင်းထောက် ၏ အစီရင်ခံစာအရ  ယနေ့ နိုဝင်ဘာလ ၂၁ရက်နေ့ တွင် ကံမကောင်းစွာဖြင့်  ပါကစ္စတန်နိုင်ငံ " စီဒဟ်" ဒေသ တွင်  ပါရာဂျနာရ်  မြို့ မှ ပေရှားဝရ် မြို့သွားနေသည့် ခရီးသည် ကား များ ကို  သက္က်ဖီးရီ အဖွဲ့    မှ တိုက်ခိုက်ခဲ့ပါတယ်၊ ဤ တိုက်ခိုက်မှုကြောင့် ရှီအဟ် မွတ်စလင်မ် ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ ရပြီး အများအပြား ဒဏ်ရာရ ခဲ့ကြောင်း သိရှိ ရပါတယ်။

အစီရင်ခံစာအရ ရှီအဟ် ၃၉ ဦးထက်မနည်း အသက်ပေးခဲ့ရကြောင်း နောက်ဆုံးစာရင်းများအရ သိရပါတယ်။ ပါကစ္စတန် နိုင်ငံ ခိုင်ဗရ် ပက်ခ်သူန်ခွာ ခရိုင် မှာ ရှိတဲ့ ကရမ်  ဒေသ တွင်  ခရီးသည်တင်ကားတွေကို သက္က်ဖီးရီ သေနတ်သမားများက ပစ်ခတ်ပြီးနောက် ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပါရာဂျနာရ်  မြို့ မှ ပေရှားဝရ် မြို့သွားနေသည့် ခရီးသည် ကား များ ကို  အမည်မသိ သက္က်ဖီးရီ လက်နက်ကိုင် သမားများ ကို တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွက်  ယခု အချိန် ထိ မည်သည့် သက္က်ဖီးရီ အဖွဲ့ မှ တာဝန် ယူထားခြင်း မရှိချေ။ သက္ကက်ဖီးရီး အဖွဲ့ဆိုသည် မှာ မိမိကိုယ်ကို မိမိ စွန်နီ မွတ်စလင်မ် ဟု ပြောဆိုပြီး ရှီအဟ် မွတ်စလင်မ်များ အား ဆွဟဗဟ်များ ကို မကောင်းပြောသည် ဆဲသည် စသည် စွပ်စွဲချက်များ ဖြင့် ကာဖေရ် ဖြစ်ကြောင်း ပြောဆိုကြပြီး သတ်လျင် ဆဝါးဗ် ရသည်ဟု ဆိုသည့်  ခံယူချက် မှားနေသည့် အကြမ်းဖက် အဖွဲ့များ ဖြစ်ပါတယ်။

ဝမ်းနည်းစွာ မြန်မာပြည်မှ အချို့ သည်လည်း ဤ အဖွဲ့၏ ကျောင်းဆင်းများ နှင့် ကျောင်းတက်နေသူများ ဖြစ်ကြောင်း သိရှိရပါတယ်။

.......................................................

END / 251