၂၅ နိုဝင်ဘာ ၂၀၂၄ - ၂၀:၁၈
  ပါရာဂျနာရ် မြို့ တွင် ရှီအဟ်မွတ်စလင်မ် များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု / အာယာသွလ္လာဟ် ဆယက်ဒ် မိုဒရစီ မှ  ရှီအဟ်မွတ်စလင်မ် များ ကို  ကာကွယ်ဖို့ ပါကစ္စတန်အစိုးရ ထံ  တောင်းဆို

ပါကစ္စတန် နိုင်ငံ ပါရာဂျနာရ် မြို့ တွင် ရှီအဟ်မွတ်စလင်မ် များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့်ပတ်သက် ၍ အီရတ် နိုင်ငံ ၏ အကျော်အမော် အာလင်မ် ကြီး တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဒရစီ မှ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ရှီအဟ်မွတ်စလင်မ် များ ကို ကာကွယ်ဖို့ ပါကစ္စတန်အစိုးရ ထံ တောင်း ဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza သတင်းဌာန၏ ဖော်ပြချက်အရ ထင်ရှားသော အီရတ်ဘာသာရေးပညာရှင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဒရစီ ၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ပါကစ္စတန် အစိုးရသည် ပါရာဂျနာရ် မြို့တွင် ဖြစ်ပွားခဲ့သော ကြေကွဲဖွယ် အကြမ်းဖက် လုပ်ရပ်အတွက် ပါကစ္စတန် အစိုးရအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ရှီအဟ် မွတ်စလင်မ် များ ၏ လုံခြုံရေးကို အာမခံပြီး ဒီလိုအဖြစ်အပျက်တွေကို တားဆီး သင့်ကြောင်း ရေးသားထားပါတယ်။

ထုတ်ပြန်ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

بسم اللہ الرحمن الرحیم

"وَمَن یَقْتُلْ مُؤْمِنًا مُّتَعَمِّدًا فَجَزَآؤُهُ جَهَنَّمُ خَالِدًا فِیهَا وَغَضِبَ اللّهُ عَلَیْهِ وَلَعَنَهُ وَأَعَدَّ لَهُ عَذَابًا عَظِیمًا"

အကြင်မည်သူမဆို မိုအ်မင် တစ်ဦးတစ်ယောက် အား တမင် ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့လျှင် ထိုသူ၏ပြစ်ဒဏ်သည် ဂျဟန္နမ်ငရဲဘုံ ဖြစ်ပါသည်။ထိုသူသည် ထိုငရဲဘုံတွင် ထာဝရ နေရမည် ဖြစ်ပါသည်။ ၎င်းပြင် အလ္လာဟ် ဟို အရှင်မြတ်သည် ထိုသူအား အမျက်ထွက်၍ လအ်နသ်ပို့တော် မူမည်။ ၎င်းပြင် ထိုသူ့အတွက် ပြင်းထန်သော ပြစ်ဒဏ် ကိုလည်း ပြင်ဆင်ထားပြီးဖြစ်ပါသည်။ စူရဟ် နေစာ ၊ အာယသ်တော် အမှတ် ၉၃

တစ်ဖန် ကမ္ဘာလုံးဆိုင်ရာ နယ်ချဲ့ဝါဒ ၊ အာဏာရှင်ဝါဒ ၏ လက်ပါးစေ များသည် ပါကစ္စတန်နိုင်ငံ ပါရာဂျနာရ် ဒေသရှိ မွတ်စလင်မ် များကို ခွဲခြားရန် ရည်ရွယ်ချက်ဖြင့် ဖိနှိပ်ခံရပြီး အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ရလဒ်အနေဖြင့် အပြစ်မဲ့ပြည်သူ ဒါဇင်ပေါင်းများစွာ အသက်ဆုံးရှုံး ဒဏ်ရာရခဲ့ကြပါသည်။

ကျနော်အနေဖြင့် ပါကစ္စတန်ရှိ မွတ်စလင်မ် များနှင့် နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်စာနာ ကြောင်း  အတူရပ်ရပ် တည်နေကြောင်း ကို ဖော်ပြပြီး အထူးသဖြင့် ဇီယွန်ဝါဒီ အင်အားကြီးများက ပါလက်စတိုင်းနှင့် လက်ဘနွန်ရှိ မွတ်စလင်မ် များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မွတ်စလင်မ်  အွန်မသ်  ကို ဖျက်ဆီးဖို့ ပြုသည့်အချိန် ဖြစ်၍ မွတ်စလင်မ် အွန်မသ် (ရှီအဟ်၊စွန်နီ)  စည်းလုံးကြပါရန်  အလေးပေးတိုက်တွန်း အပ်ပါ သည်။

ဒေသတွင်း ဖိနှိပ်ခံပြည်သူတွေ ဘေးကင်းစေဖို့နဲ့ ဤကဲ့သို့ အကြမ်းဖက် ဖြစ်ရပ်တွေ ထပ်မဖြစ်ပွားအောင် တားဆီးဖို့ ထိရောက်တဲ့ အစီအမံတွေ လုပ်ဖို့ ပါကစ္စတန် အာဏာပိုင်တွေကို ကျနော် တောင်းဆိုအပ်ပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဒရစီရုံး

ကရ်ဗလာအေ မိုအလာ မြို့  ၊ အီရတ်

ဂျမာဒီယိုလ်အောင်ဝဲလ ၂၂ရက် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ်

.......................................................

END / 251