၂၈ နိုဝင်ဘာ ၂၀၂၄ - ၁၉:၀၀
  ပါလက်စတိုင်း သည် ကျွန်ုပ်တို့၏ အဓိကပြဿနာဖြစ်ပြီး မည်သည့်အခါမျှ လက်လျှော့ ပေးမည် မဟုတ် / ဟစ်ဘွလ္လာဟ်

ဟစ်ဘွလ္လာဟ် (အလ္လဟ့်ပါတီ ) ၏ လက်ထောက်အကြီးအကဲက ပါလက်စတိုင်းသည် လက်ဘနွန်၏ ပထမဆုံး သောကိစ္စဖြစ်ပြီး ကျွန်ုပ်တို့ ဘယ်သောအခါမှ လက်လျှော့မည်မဟုတ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency မှ al-Mayadeen ကို  ကိုးကားပြီး လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် နိုင်ငံရေးကောင်စီ၏ လက်ထောက်အကြီးအကဲ မဲဟ်မူဒ် ကမာသွီ မှ  ဘေရွတ်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကျွန်ုပ်တို့ အနေဖြင့် နှစ်လဆက်တိုက် ဂျေဟာဒ် ပြုခြင်း ကြံ့ကြံ့ခံ ခုခံ ခဲ့ခြင်း နှင့် သန္နိဋ္ဌာန်တို့ဖြင့် အောင်ပွဲရခဲ့ ကြောင်း ရန်သူ အနေဖြင့်  မိမိပစ်မှတ်တစ်ခု (လက်ဘနွန် ၏ ရွာတစ်ရွာကိုပင် သိမ်းပိုက်နိုင်ခြင်း )ပင် မအောင်မြင်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် နိုင်ငံရေးကောင်စီ၏ လက်ထောက်အကြီးအကဲက လက်ဘနွန် တောင်ဘက်တွင် ကြံ့ကြံ့ခံ ခုခံမှုကြောင့် ရန်သူကို အနိုင်ယူနိုင်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ရန်စမှုများကို အောင် နိုင်ခဲ့ကြောင်း ယနေ့ အာရပ်အမျိုးသားလုံခြုံရေးအတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မဲဟ်မူဒ် ကမာသွီ မှ  ဆက်လက်ပြီး အပြည့်အဝ ကြံ့ကြံ့ခံ ခုခံမှု စိတ်ရှည်သည်းခံမှုနှင့် သစ္စာစောင့်သိမှုတို့ဖြင့် ခုခံရေးလမ်းကြောင်းတွင် တက်ကြွစွာ လှုပ်ရှားခဲ့ကြသော တော်လှန်ရေးပြည်သားများကို  စလာမ်ပေး အလေးပြု ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှဟီးဒ်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် တို့၏ ဈာပနအတွက် ပြင်ဆင်နေကြောင်း ဟစ်ဘွလ္လာဟ် အကျဉ်းသားများ၏  ပြဿနာကို အစ္စရေး နှင့်  ပြုလုပ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဤကိစ္စ အတွက် အဓိက အာရုံစိုက်ပြီး အလေးအနက်ထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရန်သူသည် မိမိ ၏ရည်မှန်းချက်များ မ အောင်မြင် ခြင်းသည် ကြံ့ကြံ့ခံ ခုခံမှုအတွက် အောင်ပွဲဖြစ်ကြောင်း လက်ဘနွန်လူထုအား အလေးပေးပြောကြားခဲ့ ပါတယ်။

ဟားမတ်စ်နှင့် အစ္စလာမ်မစ် ဂျေဟာဒ်  ၏ ကြံ့ကြံ့ခံ ခုခံမှု နှင့် ၎င်းတို့ ၏ တပ်မှူးများကို ကျေးဇူးတင်ကြောင်း မဲဟ်မူဒ် ကမာသွီ မှ   ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မဲဟ်မူဒ် ကမာသွီ မှ  ဆက်လက်၍ ပါလက်စတိုင်းကို ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ဒီနေ့ ကြေညာပြီး ပါလက်စတိုင်းဟာ ကျွန်တော်တို့ရဲ့ အဓိက နှင့်  ပထမဆုံးကိစ္စ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းကို ဘယ်လိုဆက်ပြီး ထောက်ခံမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ အချိန်မီ ဆုံးဖြတ်သွားမှာ ဖြစ်ပါကြောင်း ဤအောင်ပွဲသည် ကြံ့ကြံ့ခံ ခုခံမှု၏ အောင်ပွဲနှင့် ဤလက်ဘနွန် မြေ ၏အောင်ပွဲဖြစ်ကြောင်း ဤအောင်ပွဲသည် ပါလီမန်ဥက္ကဋ္ဌ နဘီဟ်ဘရီ ဦးဆောင်သော လက်ဘနွန်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ၏ ခိုင်မာပြီး ခိုင်ခံ့သည့်  ရပ်တည်ချက်၏ အောင်ပွဲဖြစ်ကြောင်း ဟစ်ဘွလ္လာဟ် (အလ္လဟ့်ပါတီ ) ၏ လက်ထောက်အကြီးအကဲ မဲဟ်မူဒ် ကမာသွီ မှ  ပြောကြားခဲ့ပါတယ်။

.......................................................

END / 251