အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် ပါကစ္စတန် မီဒီယာသတင်းရင်းမြစ်များ ၏အဆို အရ ပါကစ္စတန် နိုင်ငံ ခိုင်ဗရ် ပက်ခ်သူန်ခွာ ခရိုင် မှာ ရှိတဲ့ ကရမ် ဒေသ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
သက္က်ဖီးရီ အကြမ်းဖက်သမားများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများတွင် လူရာနှင့်ချီ သေဆုံးခဲ့ ရပြီး ဒဏ်ရာရရှိသွားပြီးနောက် ကာရမ်ခရိုင်တစ်ခုလုံးတွင် မငြိမ်မသက်မှုများ ပျံ့နှံ့လာခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြား ချက်အရ သိရပါတယ်။
တိုက်ပွဲများအတွင်း လူ ၁၂၀ သေဆုံးပြီး ၁၆၀ ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားပါတယ်။
ပါရာဂျနာရ် ရှိ ရှီအဟ် မွတ်စလင်မ်များ ၏ ရွာများ ကို အကြမ်းဖက် သက္က်ဖီးရီ ဝဟာဘီများ ၏ တိုက်ခိုက် မှု ကြောင့် အမျိုးသမီးများ နှင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၄၂ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ဝမ်းနည်း စွာ သိရပါတယ်။
အချို့သော အစီရင်ခံစာများတွင် အကြမ်းဖက် သက္က်ဖီးရီ များ၏ တိုက်ခိုက်မှုတွင် အာဇာနည် အရေအတွက်မှာ ငါးဆယ့်နှစ်ဦး ဖြစ်ပြီး အချို့တွင် ရှစ်ဆယ်ကျော်ရှိသည်ဟု ဆိုထားပါတယ်။
အံ့သြစရာအချက်မှာ ဤ သက္က်ဖီးရီ အကြမ်းဖက် ဝဟာဘီများသည် ပါလက်စတိုင်း စွန်နီ မွတ်စလင်မ်များကို ရက်ရက်စက်စက် လူမျိုးတုံး သတ်ဖြတ်နေသည့် အစ္စရေး နှင့် မဟာမိတ်များကို မတိုက်ခိုက်ဘဲ ရှီအဟ် မွတ်စလင်မ်များ ကို တိုက်ခိုက်သတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။
.......................................................
END / 251