၁ ဒီဇင်ဘာ ၂၀၂၄ - ၀၈:၄၆
တူရကီ ၏ မျက်နှာ အစစ်

တူရကီ ကို အချို့ နိုင်ငံသားများ ၏ အဆိုအရ သူဟာ အစ္စလာမ့်ကမ္ဘာရဲ့ အကြီးမြတ်ဆုံး ရဲရင့်တဲ့ နိုင်ငံ တစ်ခု ဆိုပြီး ဆိုကြတယ်။ မွတ်စလင်မ် နိုင်ငံ ဖြစ်ပြီး နေတိုး အဖွဲ့ဝင် နိုင်ငံဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တူရကီ နိုင်ငံ  အစ္စရေး နိုင်ငံ နှင့် ကုန်သွယ်မှု ပြု‌ပေးသည့် နိုင်ငံ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန် ၏ ရေနံသည် တူရကီမှတစ်ဆင့် အစ္စရေးသို့ ရောက်ရှိပါတယ်။

တူရကီ ဟာ ပါလက်စတိုင်း နှင့် လက်ဘနွန် အတွက် အစ္စရေးကို အုတ်ခဲတစ်တုံးတောင် မပစ်ဖူးပေမယ့် အစ္စရေးရဲ့ အမိန့်အရ ဆီးရီးယားမှာရှိတဲ့ သူပုန် တွေကို ကူပြီး ဆီးရီးယား အစိုးရ တိုက်ခိုက်မှု ကို ပြုလုပ်ခိုင်းခဲ့ပါတယ်။

လက်ဘနွန် နှင့် အစ္စရေး အပစ်အခတ်ရပ်စဲပြီးပြီးချင်း ဆီးရီးယားနိုင်ငံမှာ အမေရိကန် ၊ အစ္စရေး၊ တူရကီ ထောက်ပံ့ပေးသည့် အကြမ်းဖက် သူပုန် အုပ်စု ၏  ဒီတိုက်ခိုက်မှု ဘာကြောင့် စတင်ခဲ့ တာလဲဆိုတာ အံ့သြစရာ ပါပဲ။

တူရကီ ကို ကြိုးကိုင်ထားသည်မှာ အစ္စရေး ဖြစ်ပါတယ်။  အရေခြုံ မှု နဲ့ ပတ်သက်လာရင် တူရကီ သမ္မတ တိုင်ရစ် အာဒိုဝမ် (သွယဗ် အိုရ်ဒူဂါန်)  ထက် ပိုကြီးသောနာမည်မရှိပါ။ အကြောင်းမှာ နှုတ် နှင့် သာ အစ္စရေးကို ဆန့်ကျင် မိန့်ခွန်းများ တစ်ခါတစ်လေ ပေးပြီး ကိုယ်စိတ် နှလုံးကတော့ အစ္စရေး နှင့် အတူရှိနေခြင်း ဖြစ်ပါတယ်။

တူရကီ ရိုက်ထားသည့် ရုပ်ရှင် Ertugrul Ghazi နှင့် Usman ဇာတ်လမ်း တွဲများကို ကြည့်ပြီး ကြောင်သူတော် တူရကီ အား အစ္စလာမ့်ကမ္ဘာ၏ခေါင်းဆောင်အဖြစ ထင်နေသူများလည်း ရှိနေကြောင်း ဝမ်းနည်းစွာ တင်ပြအပ်ပါ တယ်။

.......................................................

END / 251