၆ ဒီဇင်ဘာ ၂၀၂၄ - ၀၆:၁၀
အီရန် နှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံတကာ ကိစ္စရပ်များတွင် တူညီသော ရပ်တည်ချက် ရှိကြောင်း အီရန် ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး ပြောကြား

အီရန် နှင့် တရုတ်နိုင်ငံ တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးမှလွဲ၍ နိုင်ငံတကာ ကိစ္စရပ်များတွင် ဘုံရပ်တည်ချက်ရှိကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ          

Maher News Agency ၏ အစီရင်ခံစာအရ အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင်းမ် ဂရီးဗ် အာဗါဒ်ဒီ မှ မိမိ ၏  လူမှုကွန်ရက် အကောင့် တွင် ပေကျင်းမြို့ ခရီးစဉ်အကြောင်း အသိပေး ရေးသားထားပါတယ်။

အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင်းမ် ဂရီးဗ် အာဗါဒ်ဒီ မှ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မကြာ နှင့် ယနေ့ တွေ့ဆုံစဉ် မကြာသေးမီက ဂျီနီဗာတွင် အီရန်နှင့် ဥရောပသုံးနိုင်ငံကြား နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုများ ကို ပြန်လည်စတင်နိုင်ခြေ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ၎င်းက ရေးသားခဲ့ပါတယ်။

ဆွေးနွေးပွဲသည် အရေးကြီးသော နိုင်ငံတကာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် လိုအပ်ကြောင်း ကာဇင်းမ် ဂရီးဗ် အာဗါဒ်ဒီ မှ ရေးသားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်နှင့် တရုတ်တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးအပြင် နိုင်ငံတကာ ကိစ္စရပ်များတွင် ဘုံရပ်တည်ချက် တူညီကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နှင့် တရုတ်နိုင်ငံတို့သည် တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ပြီး တရားမျှတသောကမ္ဘာစနစ် ဖန်တီးရေး နှင့် ပတ်သက်၍ ဘုံရပ်တည်ချက်ရှိကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

.......................................................

END / 251