အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သိမ်းပိုက်ခံထားရသော ဂိုလန်ဒေသမှ ထွက်ခွာရန် အစ္စရေးအစိုးရအား ယနေ့ထုတ်ပြန်ချက်တွင် တောင်းဆိုထားကြောင်း Maher News Agency က အလ်ဂျဇီးရဟ် သတင်း ဌာန ကို ကိုးကား ၍ ဖော်ပြခဲ့ပါတယ်။
ဆီးရီးယား၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာပြီး အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလာန်ဒေသမှ ဆုတ်ခွာပေးရန် ပြင်သစ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဂိုလာန်တွင် တင်းမာမှု လျော့ပါးလာမှုကို စောင့်ကြည့်ရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တစ်ခု ဖြန့်ကျက်မှုကို ကျွန်ုပ်တို့ ထောက်ခံကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ပါရီသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများကို ကာကွယ်လိုကြောင်း ကြေညာချက်တွင် အလေးပေး ပြောကြားခဲ့ပါတယ်။
.......................................................
END / 251