၁၅ ဒီဇင်ဘာ ၂၀၂၄ - ၁၁:၄၃
ရန်သူကို ဘယ်သောအခါ မှ လျစ်လျူရှုခြင်း မပြုသင့်ကြောင်း ၎င်းတို့၏ ကတိများပေး၍ လှည့်စားခြင်း ကို မယုံသင့်ကြောင်း အေမာမ် ဂျူမ်အဟ် ယဇ်ဒ် မိန့်ကြား

ပြည်သူများ နှင့် အာဏာပိုင်များ အနေနဲ့ နိုးကြားပြီး သတိရှိသင့်ကြောင်း ရန်သူ၏ တီးတိုးတီးတိုးပြောဆိုမှုများနှင့် ဆိုရှယ်မီဒီယာများ၏ ကောလဟာလများ ကို မိမိတို့ အပေါ် လွှမ်းမိုးမခံသင့် ကြောင်း ရန်သူများ ၏ ကတိများ ပေး၍ လှည့်စားခြင်း ကို မယုံသင့်ကြောင်း အေမာမ် ဂျူမ်အဟ် ယဇ်ဒ် အာယာသွလ္လာဟ် နာဆေရီ မှ မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency အစီရင်ခံစာ အရ ယဇ် ပြည်သူများ ၏ ကိုယ်စားလှယ် နှင့်  ဂျူမ်အဟ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် နာဆေရီ မှ ယဇ်မြို့၏ ၌ အပတ် သောကြာနမာဇ် ခွသ်ဗဟ် တွင် အလ္လာဟ် အရှင်မြတ် သည် ကျွန်ုပ်တို့၏ အကျင့်စရိုက်နှင့် အကျင့်စရိုက်ကို စောင့်ကြည့်နေတော်မူပြီး ဤလောက၌ ကျွန်ုပ်တို့ ပြုလေရာရာ၌ နောင်တမလွန်၌ အလ္လာဟ်အရှင်မြတ်အား ဖြေကြားရမည်ဖြစ် ကြောင်း မိန့်ကြား ခဲ့ပါ တယ်။

ဆက်လက်ပြီး ဤကမ္ဘာနှင့် နောင်တမလွန်တွင် ကျွန်ုပ်တို့၏ ကံကောင်းခြင်း နှင့်  ကံဆိုးခြင်းများသည် ကျွန်ုပ်တို့၏ လုပ်ရပ်များပေါ်တွင် မူတည်ကြောင်း  ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့်  ကံကောင်းရန် နှင့် အလ္လာဟ် ဟို အရှင်မြတ် နှင့်  နီးကပ်မှုကို ရယူလိုပါက ကျွန်ုပ်တို့၏ မှန်ကန် သည့် အပြုအမူ နှင့် မှန်ကန် သည့်  စရိုက် စာရိတ္တ များကို လည်း အလ္လာဟ်အရှင်မြတ်၏ အလိုတော် နှင့် အညီ ဖြစ်အောင် ပြုရမည် ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထပ်လောင်း ၍ အာယာသွလ္လာဟ် နာဆေရီ မှ အပြစ် ဂိုနာဟ် သည်  မနုဿ လူသားအား ကျရှုံးစေကြောင်း အလ္လာဟ် အရှင်မြတ် သည် ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့ပြီး ကျွန်ုပ်တို့၏ ပြည့်စုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များ ချမှတ်တော် မူခဲ့ကြောင်း အပြစ်နှင့် မနာခံခြင်းသည် လူသားအား ကျရှုံးစေကြောင်း နှင့် အလ္လာဟ် အရှင်မြတ်နှင့် ဝေးကွာစေကြောင်း  ကျွန်ုပ်တို့ နားလည်ထားရမည်ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် အအလ္လာဟ် ဟို အရှင်မြတ်သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် အန်ဖါလ် ၏ အာယသ်  တော် အမှတ် ၂၉ တွင် မိန့်တော် မူသည်မှာ - « یَا أَیُّهَا الَّذِینَ آمَنُوا إِنْ تَتَّقُوا اللَّهَ یَجْعَلْ لَکُمْ فُرْقَانًا  » အဓိပ္ပာယ် - အိုအီမာန် ရှင် အပေါင်း တို့ အကယ်၍ အသင်တို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် အား ကြောက်ရွံ့ကြမည် ၊  သက္က်ဝါ တရား ကို လက်ကိုင်ထားမည်ဆို လျင် အရှင်မြတ် သည် သင်တို့အား ဖိုရ်ကာန် ( အမှားအမှန် ပိုင်းခြားနိုင်စွမ်း ) ကို ချီးမြှင့် တော်မူ မည် ဖြစ်ပါသည်။ ဟု အေမာမ် ဂျူမ်အဟ် ယဇ်ဒ် အာယာသွလ္လာဟ် နာဆေရီ မှ မိန့်ကြားတော်မူပြီး ကျွန်ုပ်တို့သည် အမြဲ တမ်း ရှိုင်တွာန် ကို သတိထား၍ နေရမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ အတွက် ဟေဒယသ် (လမ်းမှန် ကို ညွှန် ပေးရန် ) နှင့် အလ္လာဟ် ကျေးကျွန် ၏ လမ်းပေါ် လျှောက်လှမ်းပြီး ရပ်တည် နိုင်ရန်  ရှိုင်တွန် ၏ လမ်း နှင့် အပြစ်များ နှင့် ဝေးကွာ စွာ ထားရန် အလ္လာဟ် ဟို အရှင်မြတ်  ထံ ဒိုအာ ပြုရမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ယနေ့ လည်း အစ္စလာမ် ရန်သူများအနေဖြင့်  အထူး သဖြင့် အမေရိကန် ၊ အစ္စရေး နှင့် မဟာမိတ်များသည် ဆိုရှယ် မီဒီယာများ တွင်  ကောလဟာလ သတင်း များ ကို ထုတ်လွှင့် ခြင်း နှင့် ကတိများပေးပေး၍ လှည့်စား ခြင်း တို့ကို ပြုလုပ် နေသည် ကို ထင်ရှားစွာ တွေ့ မြင်ရမည် ဖြစ်ပါတယ်။

.......................................................

END / 251