အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အိမ်ထောင်ပြုရန် ရည်ရွယ်ချက် ဖြင့် မိန်းကလေး ကြည့်ရှုနိုင်သည့် အတိုင်းအတာ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
ယောက်ကျားလေး တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ယောက် အား အိမ်ထောင် ပြုရန် ရည်ရွယ် ချက် ဖြင့် ကြည့်ခွင့် ရှိပါသလား? အကယ်၍ ကြည့် နိုင်လျင် မည်သည့် အတိုင်း အတာ အထိ ကြည့် နိုင်ပါသနည်း?
အဖြေ
ယောက်ကျားလေး တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ယောက် အား အိမ်ထောင် ပြုရန် ရည်ရွယ် ချက် ဖြင့် မိန်းကလေး ၏ မျက်နှာ၊ ဆံပင်၊ လည်ပင်း၊ လက်နှင့် ခြေတို့ကို ကြည့်ရှုနိုင်ပါသည်။ သို့သော် စည်းကမ်းချက်များ ရှိပါသည်။
၁။ အရသာခံ လိုသည့် နီယသ် ဖြင့် မကြည့်ရန် လိုပါသည်။
၂။ ဂိုနာဟ် ဖြစ်ရန် မစိုးရိမ်ရဖို့လိုပါသည်။
၃။ ဤမိန်းကလေးအာ ပထမ မတွေ့ထားဖို့ လိုပါသည်။
၄။ ဤအ မိန်းကလေး အား ကြည့်ပြီး အိမ်ထောင်ပြုဖို့ သဘောကျလိမ့်မယ်လို့ မျှော်လင့်ချက် ထားလျင် ကြည့် နိုင်ပါသည်။
၅။ အဲဟ်သေယာသွ် ဝါဂျစ်ဗ် အရ ဤမိန်းကလေး နှင့် အိမ်ထောင်ပြုရန်ဆိုသည့် ဆန္ဒ ဖြင့် ကြည့်ရန် ဖြစ်ရပါမည်။ ထိုက်တန်သည့် မိန်းကလေး သင့်လျော် သည့် မိန်းကလေး ကို ရှာဖွေရန်သက်သက် မဖြစ်ဖို့ လိုပါသည်။
၆။ မိန်းကလေး အနေဖြင့် (ရွှေ၊ငွေစသည်ဖြင့် ) တန်ဆာဆင်ထားသူ မဖြစ်ဖို့ ၊ ပြင်ဆင်ထားသူ (မိတ်ကပ် လိမ်းအလှပြင်ထားသူ) မဖြစ် လိုအပ်ပါသည်။
အကြံပြုချက် - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ ကျနော်တို့ အနေဖြင့် ရှရီအီအမိန့်ကို သေချာ စွာ သိရှိရမည် ဖြစ်ပါတယ်။ ပြီးနောက် မိမိတို့ မိသားစု ၊ဆွေမျိုးသားချင်း မိတ်ဆွေများ တွင် အထက်ဖော်ပြ အတိုင်း လုပ်ဆောင်နေ၊ မနေဆိုတာ ကို စိစစ်နိုင်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251