၈ မတ် ၂၀၂၅ - ၀၁:၁၁
အမေရိကန် ၏ ကျွန် ခံလိုသူများဟာ ယူကရိန်းသမ္မတ ၏ အရှက်ရမှုကနေ သင်ခန်းစာယူသင့်တယ် / အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ

တီဟီရန် မြို့တော် ၏ ဂျူမ်အဟ် နမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ မှ အီရန်အပေါ် ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့၏ ရန်လိုသောမူဝါဒများကို ဝေဖန် ထောက်ပြ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တီဟီရန် မြို့တော် ၏ ဂျူမ်အဟ် နမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ မှ မိမိ ၏ သောကြာနေ့ နမာဇ် ခွသ်ဗဟ် တွင် အီရန် နိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ၏ ရန်လိုသော မူဝါဒများကို ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့ပြီး ဥရောပ ထရိုကာ သည် အီရန်အပေါ် မိမိ ၏ရန်လိုသော မူဝါဒများကို ရပ်တန့် သင့်သည်ဟု မိန့်ကြားခဲ့ပါတယ်။

အမေရိကန် ၏ ကျွန် ခံလိုသူများဟာ ယူကရိန်းသမ္မတ ၏ အရှက်ရမှုကနေ သင်ခန်းစာယူသင့်ကြောင်း အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ က ခွသ်ဗဟ် တွင် မိန့်ကြားခဲ့ပါတယ်၊

ဆက်လက်ပြီး အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ မှ အီရန်ပြည်သူများသည် အမေရိကန် နှင့် ဥရောပတိုက်တို့၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ကြောင်း ၊ ဤရန်လိုသည့် အစီအစဥ် သည် လွန်ခဲ့သည့် လေးဆယ့်ငါးနှစ်ကတည်းက ဆက်တိုက်ဖြစ်ပွားနေခဲ့သော်လည်း ရန်သူသည် အီရန်ပြည်သူများ၏ ခုခံမှုကြောင့် အရှက်ကွဲခြင်းကို အမြဲ ရင်ဆိုင် နေရ ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အမေရိကန် ၏ ကျွန် ခံလိုသူများဟာ ယူကရိန်းသမ္မတ ၏ အရှက်ရမှုကနေ သင်ခန်းစာယူသင့်တယ် / အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ

ပြီးနောက် တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် တုံ့ပြန် ပြီး အီရန်၏ မူဝါဒသည် အိမ်နီးချင်းကောင်း ပီသမှုအပေါ် အခြေခံပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် အိမ်နီးချင်း ကောင်းကို ဆန့်ကျင် ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အဲဟ်မဒ် ခါသမီ မှ ဆီးရီးယားတွင် ကြားဝင်စွက်ဖက်ပြီး တပ်ဖွဲ့များ စေလွှတ်နေခြင်းသည် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ကမ္ဘာကမြင်နေရကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha