၁၅ မတ် ၂၀၂၅ - ၂၁:၃၉
အေမာမ်ဟစန် (အ.စ) ၏ စံယူစရာ ဘဝခရီးများမှ တစ်ချို့

လမြတ်ရမ်ဒွါန် ၁၅ ရက်နေ့ သည် အေမာမ် ဟစန် (အ.စ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ နေ့ ဖြစ်ပါသည်။ အဗ်နာ စာဖတ်ပရိတ်သတ်များ အတွက် အေမာမ် ဟစန် (အ.စ) ၏ စံယူစရာ ဘဝခရီးများမှ တစ်ချို့ ဘဝခရီး ကို တင်ဆက်လိုက်ပါသည်။ မိမိ အသိဉာဏ်နှင့် အညီ အောက်ဖော်ပြပါ ရီဝါယတ် ၂ခုမှ သင်ခန်းစာများ ဆောင်ရန် ရှောင်ရန် များ ရယူ နိုင်မည် ဖြစ်ပါသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်သူကိုတိုက်နိုင်ရန်  အကူအညီပေးခြင်း ...


တစ်ကြိမ်တစ်ခါ တစ်ဦးတစ်ယောက် မှ အေမာမ် ဟစန် (အ.စ) ၏ ရှေ့ တော်မှောက်တွင်လာရောက် ရပ်လေ၏။ အေမာမ်(အ.စ) အားလျှောက်ထားလေ၏ ။အို အမီးရ် ရွလ်မို မေနီး ၏ သားတော် ကိုယ်တော်အား  နေအ်မသ် တော်အားလုံးချီးမြှင့် ပေးသနားတော်မူထားသည့် အလ္လာဟ် ဟိုအရှင်မြတ်ကို ဝါစတာ ပြုပြီး မေတ္တာ ရပ်ခံ အပ်ပါတယ် .....
ထိုနေအ်မသ်တော်များ အတွက် ကိုယ်တော်အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ်သခင်ထံဝယ် တစ်ဦး တစ်ယောက်၏ အသနားခံမှုကို ရယူခဲ့ခြင်းမရှိဘဲ ဆွတ်ခူးထားပါတယ် ... တစ်နည်းအားဖြင့် အလ္လာဟ် ဟိုအရှင်မြတ်သခင် ကိုယ်တော်တိုင်မှ ချီးမြှင့် ပေးသနား တော်မူထားခြင်းဖြစ်ပါတယ် ....

အနည်းငယ်(ကျေးဇူးပြုပြီး) ကျွန်တော်နဲ့ ကျွန်တော်ရန်သူအကြား တရားမျှတစွာ ဖြေရှင်းပေးပါ ခင်ဗျား ... ဒီရန်သူဟာ မည်သည့် အသက်ကြီး ရွယ်အို ကိုမျှ အလေးမထား ဂရုမစိုက်သလို မည်သည့် ကလေးကိုမျှလည်းမသနား မကြင်တတ်တဲ့ ဆွာလင်မ် ပါ .....
အေမာမ်ဟစန် (အ.စ) ခေါင်းအုန်းကိုမှီပြီးအနားယူနေရာမှ... ဤစကားကို ကြားပြီး ထထိုင်တော် မူလေ၏။ထိုနောက်မိန့်တော်မူလေသည်။အသင်ရဲ့ ရန်သူဘယ်သူလဲ ...? သူကို  အသင် အတွက်  ဖြေရှင်း ရအောင် ….?

၎င်းမှာ ဖြေလေ၏ ။  ဆင်းရဲ နွမ်းပါး ၊ချိုတဲ့ မှုပါ …. ခင်ဗျား …
ဤစကားကို နားထောင်ပြီး အေမာမ်ဟစန် (အ.စ) သည် ခေါင်းတော်ကို အောက်သို့ ဆိုက်ထားတေယ်မူ ပြီး အချိန် အနည်းငယ် တိတ်ဆိတ်နေတော်မူလေ၏။ ပြီးနောက် ဦးခေါင်းတော် ကိုထောင်တော်မူပြီး  မိမိ၏ အကျိုးတော်ဆောင်(ခါသေမ်)ကို မိန့်လေ၏။ အသင်ဆီမှာ  ငွေ အသပြာ ရှိသလောက် ယူလာခဲ့ပါ ….. အကျိုးတော်ဆောင်မှ ဒေရ်ဟမ် ၅၀၀၀ ယူလာပြီး ကိုယ်တော်(အ.စ) ၏ ရှေ့  တော် မှောက် တွင် ထား လေ၏။ အေမာမ်(အ.စ) မှ ၎င်းကိုပေးဖို့မိန့်လေ၏။ ပြီးနောက် ၎င်းကို မိန့်တော် မူလေ၏ ။အသင်ကျွန်ုပ်ကိုပေးသည့် ကစမ်များကို ဝစတာ ပေးပြီးပြောပါရစေ …အသင်အတွက် ဒီရန်သူ (ဆင်းရဲနွမ်းပါးမှု ၊ချို့  တဲ့မှု ) ဘယ် အချိန်ဘဲ လာပြီး ရက်စက် ရက်စက် ၊ဖြေရှင်းဖို့ ကျွန်ုပ်ထံ ချက်ချင်း ထလာပါလေ …..


ကျမ်းကိုး - ဗေဟာရွလ်အနဝါရ် အတွဲ ၁၀ စာမျက်နှာ ၂၀၇


အရှင် ဧည့်သည် အရှင်၏ တံခါး ပေါက်မှာ ရောက်နေပါတယ် …


အေမာမ် ဟစန် (အ.စ) မတ်စ်ဂျစ်ဒ် အတွင်းဝင်ရောက်သည့် အခါတိုင်း မိမိဦးခေါင်း တော်ကို အပေါ်သို့ မော့ တော်မူပြီးမိန့်လေ၏။ အိုမွေးမြူ ၊ဖန်းဆင်း စောင့်ရှောက် တော် မူသည့် အရှင်သခင် အရှင် ဧည့်သည် အရှင်၏ တံခါး ပေါက်မှာ ရောက်နေပါတယ် … အို ကျေးဇူးပြုအကျိုးပြုတော်မူသည့် အရှင် အသင်ထံတော်ဝယ် ဂိုနာဂါ (အပြစ်ရှိသူ) တစ်ယောက် ရပ်နေပါတယ် ….အို ကရီးမ် ဖြစ်တော်မူသည့် အရှင် မိမိ၏ ဂရုဏာတော် ဖြင့် ကျွန်တော်၏  မကောင်းမှု (အပြစ်များ) ကို ဖယ်ရှား ပေးသနား တော်မူ ပါ။


ကျမ်းကိုး - ဗေဟာရွလ်အနဝါရ် အတွဲ ၁၀ စာမျက်နှာ ၁၉၀


မှတ်ချက်  - အေမာမ် ဟစန် (အ.စ) သည် မအ်စူးမ် အပြစ်မဲ့အေမာမ် ဖြစ်တော်မူပြီး ကိုယ်တော်မြတ်(ဆွ)၏ နောက်လိုက် နောက်သားများကို ပညာပေးသင်ကြားပေးနေခြင်းဖြစ်ပါသည်။ အထူးသဖြင့် မိမိနေထိုင်ရာ ဒေသ၊ရပ်ကွက် ၊ မြို့ တွင် မတ်စ်ဂျစ်ဒ် ရှိနေလျှင် အေမာမ် ဟစန်(အ.စ) သခင်၏ စွန္နသ်တော် ကို လက်တွေ့ ကျင့်သုံးသင့် ပါတယ် ….


.......................................................
END / 251

Tags

Your Comment

You are replying to: .
captcha