အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ ဖော်ပြချက် အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်ပြီး အမေရိကန်ပြည်ထောင်စု နှင့် သွယ်ဝိုက် သောနည်း ဖြင့် ဆွေးနွေးရန် ရောက်ရှိနေပြီး အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံစဉ် ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ရောမမြို့တွင် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရေး အတွက် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွက် အီတလီနှင့် အိုမန်တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာ အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
အီရန် သည် သံတမန်ရေးအရ ကတိကဝတ်ပြုထားပြီး ၎င်း၏ ငြိမ်းချမ်းသော နျူကလီးယား အစီအစဉ် နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အလေး ပေးပြောကြားခဲ့ပါတယ်။
လက်ရှိညှိနှိုင်းရေးအခွင့်အလမ်းကို ဆုပ်ကိုင်ပြီး အီရန်၏တရားဝင်အခွင့်အရေးများကို အသိအမှတ်ပြုသည့် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော သဘောတူညီချက်ဆီသို့ ဦးတည်သွားသင့်ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
အီရန် သည် အစ္စလာမ်မစ် နှင့် အမျိုးသားတန်ဖိုးများနှင့်အညီ လက်နက်များ ပြန့်ပွားရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းနှင့် မိမိ ၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် လုံးဝ ဖြစ်ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဆက်လက် ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နူကလီးယားလက်နက်ကင်းစင်သော အရှေ့အလယ်ပိုင်းထူထောင်ရေး၏ တစ်ခုတည်း သော အတား အဆီးမှာ အစ္စရေးဖြစ်ပြီး၊ တရားမဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် အီရန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုများ မှ တစ်ဆင့် ဒေသတွင်း မငြိမ်သက်မှုများ ပျံ့နှံ့လျက်ရှိကြောင်း ပြောကြား ခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဥရောပနှင့် နိုင်ငံတကာအသိုက်အဝန်းအား ဤကိစ္စကို အလေးအနက်ထားပြီး တာဝန်ယူမှုရှိသော ရပ်တည်ချက်ပေးရန် တောင်းဆိုခဲ့ပါတယ်။
တွေ့ဆုံမှုအတွင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီက အီရန်ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး ဆွေးနွေးပွဲကို လက်ခံကျင်းပခြင်းသည် မိမိနိုင်ငံအတွက် ဂုဏ်ယူစရာကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်ရှည်လများ တည်ရှိနေသော အီရန်နှင့် အီတလီ ဆက်ဆံရေးကို ရည်ညွှန်းပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မာစေရန်နှင့် အီရန် ၊ အမေရိကန် ဆွေးနွေးပွဲ အောင်မြင်မှုအတွက် ဖြစ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်မှု အားလုံး ကို အာမခံချက်ပေးကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment