အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် စိုလိုင်းမာန်နီယဟ်ဒေသရှိ အီရန်ဆန့်ကျင် ရေးအုပ်စုများကို မိမိ တို့၏ ပုန်းအောင်းနေသည့်နေရာများကို ချက်ချင်းမထွက်ခွာပါက အင်အားသုံးရန် သတိ ပေးပြောကြားခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များအရ အီရတ်နိုင်ငံ လိုင်းမာန်နီယဟ်ဒေသ ရှိ လုံခြုံရေးတပ်ဖွဲ့များသည် အီရန် ဆန့်ကျင် ရေးအုပ်စုများအား ၎င်းတို့၏ ချုံခိုစခန်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် သတိပေး ချက်ထုတ်ပြန် ထားပါတယ်။
ဇူရ်ကိုအီရီ ၊ ကိုလာရေရှ် နှင့် ဝပါနဟ် ဂူရဟ် တို့တွင် အီရန်ဆန့်ကျင်ရေးအုပ်စုများသည် မိမိ တို့၏ ပုန်းအောင်း နေသည့်နေရာများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း ပျက်ကွက်ပါက အင်အားသုံးမှု ပြုမည် ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ စလာမ် အဗ်ဒိုလ်ခါလစ်က် က ပြောကြားခဲ့ပါတယ်။
ဘဂ္ဂဒက်နဲ့ တီဟီရန်တို့ကြား လုံခြုံရေးသဘောတူညီချက်အရ ဒီလှုပ်ရှားမှုကို လုပ်ဆောင်နေတယ်လို့ စလာမ် အဗ်ဒိုလ်ခါလစ်က် က ထပ်ပြောကြားပါတယ်။
အကြမ်းဖက်သမားများအတွက် နောက်ဆုံးရက်သည် မေလအစတွင် ကုန်ဆုံးခဲ့ပြီး ယခင်အကြိမ်ပေါင်းများစွာ သက်တမ်းတိုးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းတို့အဖွဲ့များသည် စူရ်ဒါရှ် စခန်းသို့ ပြောင်းရွှေ့ရန် ၁၀ ရက်သာ ကျန်ရှိတော့ပါတယ်။
အစောပိုင်းက အီရန် နှင့် လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် အီရတ်အစိုး ရသည် အီရတ်ရှိ အီရန်ဆန့်ကျင်ရေး အဖွဲ့များ၏ လှုပ်ရှားမှုများကို ပိတ်ပစ်ရန် ရည်ရွယ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
အီရတ်အမျိုးသားလုံခြုံရေးအကြံပေး၏ ဆုံးဖြတ်ချက်အရ ဘဂ္ဂဒက်နှင့် တီဟီရန်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နယ်စပ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန်အတွက် အီရတ်ရှိ အီရန်ဆန့်ကျင်ရေး အဖွဲ့များ၏ လှုပ်ရှားမှုများကို ပိတ်ပင်ထားပါတယ်။
အီရတ် ဝန်ကြီးချုပ်နှင့် အမျိုးသား လုံခြုံရေး အကြံပေးရုံးမှ ထုတ်ပြန်သော အမိန့်သည် လုံခြုံရေးတပ်ဖွဲ့များ၊ စစ်တပ်၊ နယ်စပ်ဖြတ်ကျော် အာဏာပိုင်များနှင့် ကာဒစ်စတန် ဒေသဆိုင်ရာ အစိုးရတို့အား လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားထားပါတယ်။
.......................................................
END / 251
            
            
                                        
                                        
                                        
                                        
Your Comment