၉ မေ ၂၀၁၅ - ၁၈:၄၄
 ၾသစေတးလ် နိုင်ငံသား အယောက် ၁၀၀ IS (ခ) ဒါအေရှ် အကြမ်းဖက် အဖွဲ့ တွင်ပါဝင်

သြစတေးလျ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားပါတယ် ။ဆီးရီးယား နှင့် အီရတ်နိုင်ငံတွင် ရှိနေတဲ့ အကြမ်းဖက် အဖွဲ့ IS (ခ) ဒါအေရှ် တွင် မိမိ နိုင်ငံသား အယောက် ၁၀၀ခန့် ပါဝင် ကူညီနေကြောင်း ပြောကြားခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီးက်နာ သတင်းဌာန၊အီရန်ရေဒီယို သတင်းဌာနတို့ ၏သတင်းထုတ်ပြန်ကြေညာချက်အရ သြစတေးလျ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး (ဂျူလီဗရှ်ဗ် ) အနေဖြင့် ပါကစ္စတန် နိုင်ငံခရီးစဉ် အတွင်း ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ်၏ ပြည်တွင်းပြည်ပ ဆိုင် ရာ ကိစ္စများ၏ အကြံပေး စဲရ်သာဂ်ျ အဇီးဇ် နှင့် အတူ သောကြာနေ့က သတင်းရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ထို သတင်းစာ ရှင်းလင်းပွဲတွင် သြစတေးလျ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးမှ အကြမ်းဖက် အဖွဲ့ IS (ခ) ဒါအေရှ်တို့၏ လှုပ်ရှားမှု ကျယ်ပြန့် လာမှု အပေါ် အလွန်တရာစိုးရိမ်ပူပင် မိကြောင်း ပြောကြားရင်း သြစတေးလျ နိုင်ငံလည်း ဒီ အကြမ်းဖက်အဖွဲ့ ၏ တိုက်ခိုက်မှုများမှ မလုံခြုံကြောင်း ပြောကြားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးမှ မိမိတို့ နိုင်ငံဖက်မှ ပါကစ္စတန် နိုင်ငံကိုဒေါ်လာ ၂၄သန်း ကူညီထောက်ပံ့ရန် သတင်းကိုပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဤထောက်ပံ့သည်ငွေကို ပါကစ္စတန် နယ်စပ်လုံခြုံရေးတပ်များ နှင့် သဘာဝဘေးသင့်သွားသည့်နေရာများတွင်အသုံးပြုရန် ပြောကြားခဲ့ပါတယ်။
သတင်းထုတ်ပြန်ကြေညာချက်အရ သြစတေးလျ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး (ဂျူလီဗရှ်ဗ် ) အနေဖြင့် ပါကစ္စတန် နိုင်ငံ အစ္စလာမ်အာပါဒ်မြို့ သို့ မေလ ၇ရက်နေ့ ကြာသပတေးနေ့က ရောက်ရှိခဲ့ပြီး ပါကစ္စတန် ဝန်ကြီးချုပ် နဝံဇ်ရှရီဖ် ၊ ပါကစ္စတန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာဟီးလ်ရှရီးဖ် ၊ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ကျောက်သရီ နေစာအလီခန်းန် တို့ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
---------------------------
251 / End