၁၀ မေ ၂၀၁၅ - ၁၈:၀၂
စေဗယောဆွာဟာဗာ အကြမ်းဖက် ဂိုဏ်းကြောင့် ရှီအာ၂ဦးရှဟီးဒ် ဖြစ်၂ဦး ဒဏ်ရာ ရ / ကရာချီမြို့

စေဗယောဆွာဟာဗာ အကြမ်းဖက် ဂိုဏ်း သက္က်ဖီးရီများ အနေဖြင့် ပါကစ္စတန် နိုင်ငံ ကရာချီမြို့ နေ ရှီအာ ဒေါက်တာ တစ်ဦး နှင့် ရှီအာ ရဲ အရာ ရှိတစ်ဦး အား လူမဆန်စွာ သေနတ်နှင့်ပစ်သတ်၍ ရှဟီးဒ် ပြုခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ)သတင်းဌာန ၊ အဗ်နာ
စေဗယောဆွာဟာဗာ အကြမ်းဖက် ဂိုဏ်းဝင် သေနတ်သမားများမှ မေလ ၉ရက်နေ့ စနေနေ့ တွင် ကရာချီမြို့ ရှိ ရှီအာ ဒေါက်တာ ဆယက်သ်အန်နဝရ် အာဗေဒီ ၏ ဆေးခန်းသို့ သွားရောက်ပြီး ဒေါက်တာ အား လုပ်ကြံ ခဲ့ကြပါတယ်။ လူယုတ်မာများ၏ လက်ချက်ကြောင့် ဒေါက်တာ ဆယက်သ်အန်နဝရ် အာဗေဒီ ရှဟီးဒ်ဖြစ် သွား ခဲ့ရပါတယ်။
စေဗယောဆွာဟာဗာ အကြမ်းဖက် ဂိုဏ်း ၏ဤ တိုက်ခိုက်မှု တွင် ကရာချီမြို့ နေ အခြား ရှီအာ ၂ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ လောလောဆယ် ဆေးရုံးတွင် ဆေးကုသမှုခံယူ လျက် ရှိပါတယ်။
ပါကစ္စတန် ရှိအဗ်နာ သတင်းထောက်၏ သတင်းပေးပို့ချက်အရ ထိုတိုက်ခိုက်မှု အတိုင်း စေဗယောဆွာဟာဗာ အကြမ်းဖက် ဂိုဏ်းဝင် လက်နက်သမားများမှ တစ်နေတည်း ကရာချီရှိ ရှီအာ ရဲအရာ ရှိ တစ်ဦးကိုလည်း လုပ်ကြံ ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ရှဟီးဒ် ဖြစ်သွားသည့် ရဲအရာရှိမှာ ဗိုလ်မှူး (ဇိုလ်ဖေကာရှားဟ်) ဖြစ်ပြီး ဆင်ဒ်ပြည်နယ် တရားရုံး၏ လုံခြုံရေး တာဝန် ခံ ဖြစ်ပါတယ် ။
လက်နက်ကိုင် စေဗယောဆွာဟာဗာ အကြမ်းဖက် ဂိုဏ်းဝင်များ အနေဖြင့် ရဲအရာရှိအား ကရာချီမြို့ ရှိ (ရှားဖိုင်ဇဲလ် ) ဒေသ တွင် ပစ်သတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
---------------
251 / End