အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
အချို့ သံတမန်သတင်းဌာနများမှ (ပရိုက်စဲလ်)ဆိုက်ဒ်၊ အီရတ်ရှိ (နဲဟ်ရီးနက်)မှ ထုတ်ပြန် ကြေညာထား ပါ တယ်။
ဆော်ဒီအစိုးရမှ အမေရိကန် အစိုးရ ကိုလာမည့်မေလ၁၄၇က်နေ့တွင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် အားကြိုးပေးသွားမည် ဖြစ်ကြောင်း အသိပေးထားလိုက်သည်ဟုဆိုထားပါတယ်။
ဤသတင်းဌာနမှဆက်လက်ပြီး အမေရိကန်အစိုးရ အနေဖြင့် ဤကြိုးမိန့်ပေးခြင်း ကိစ္စနှင့်ပတ်သက်ပြီးဆော်ဒီ အစိုးရ ၏ ဆုံးဖြတ်ချက်ကိုယခု အချိန်အထိ မကန့်ကွက်သေးကြောင်းထုတ်ပြန်ထားပါတယ်။
ဤသတင်းဌာနမှဆက်လက်ဖော်ပြထားပါတယ်။ ဤကြိုးမိန့်သတင်းမထုတ်လွှင့်မည် ၂ရက်အရင် အချို့ အနောက်တိုင်း သတင်းဌာနများ မှ သတင်းတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။သတင်းကတော့ မိုဟမ္မဒ်ဗင်နာယေဖ် (ဆော်ဒီအိမ်ရှေ့ မင်းသား ) မှ စလ်မန်ဗင် အဗ်ဒွလ်အဇီးဇ် (လက်ရှိ ဆော်ဒီ ဘုရင်) အားပြောခဲ့ပါတယ်။ ((ဆော်ဒီနှင့်ယီမင်စစ်တွင်ဆော်ဒီ စစ်လှုပ်ရှားမှု ကိုအကြောင်းပြုပြီးအခုအချိန်မှ နေမေရ် ရွလ်နေမေရ် လက်ကနေ လွတ်မြောက်ဖို့ အခွင့်အရေးအချိန်အခါဖြစ်ကြောင်း)) ပြောကြားခဲ့ပါတယ်။(ဟဇရသ် အာယာ သွလ္လာဟ် ရှိက်္ခနေမေရ် အားကြိုးပေးဖို့အချိန်တန်ပြီး ဖြစ်ကြောင်းပြောလိုခြင်းဖြစ်ပါတယ်။)
၎င်းသတင်းဌာနမှဆက်လက်ပြီးပြောကြားထားပါတယ်။ မိုဟမ္မဒ်ဗင်နာယေဖ် (ဆော်ဒီအိမ်ရှေ့ မင်းသား ) မှ ဂျောန်ကယ်ရီ (အမေရိကန် နိုင်ငံခြားရေးဝန်ကြီး) ကို ပြောကြားခဲ့ပါတယ်။ ((ရှိက်္ခနေမေရ် အား မေလ၁၄ရက် နေ့တွင်ကြိုးစင်တင်မည်ဖြစ်ပါတယ်။ဒါကျွန်ုပ်တို့ပြည်တွင်းရေး ကိစ္စပါ၊ဒါပေမဲ့ဒီကိစ္စခင်ဗျားကို အသိပေး ထားရမှာကို သဘောကျမိလို့ အသိပေးခြင်းဖြစ်ပါတယ်။)) ဟုအရှက်မဲ့စွာ ပြောကြားခဲ့ပါတယ်။
ဥရောပ သံတမန်သတင်းဌာနများ (ပရိုက်စဲလ်) မှပိုမိုဖြည့်စွက် ဖော်ပြထားပါတယ်။ မိုဟမ္မဒ်ဗင်နာယေဖ် (ဆော်ဒီအိမ်ရှေ့ မင်းသား ) နှင့် အာဒေလ်အလ်ဂျဗီးရ် (ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး) ထံတိုက်ရိုက် ဝါရှင်တန်မှဖြစ်စေ (သို့မဟုတ်) ရေယာဇ်မြို့ ရှိ အမေရိကန်သံရုံးမှ ဖြစ်စေ အမေရိကန်အစိုးရ အိုဗာမာ ဖက်မှ ကြိုးမိန့်နှင့်ပတ်သက်ပြီးကန့်ကွက်စာတစ်ခုမှမရောက်ရှိလာကြောင်းလာရှိပါတယ်။
ဤကဲ့သိုဝါရှင်တန်ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု ကို ဆော်ဒီများအနေဖြင့် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် အားကြိုးမိန့်အပေါ် အမေရိကန်အစိုးရ သဘောတူကျေနပ်နေကြဟုခံယူထားပါတယ်။
ဥရောပ သံတမန်သတင်းဌာနများ (ပရိုက်စဲလ်) မှဆက်လက်ပြောပြထားပါတယ်။အာယာသွလ္လာဟ် ရှိက်္ခနေမေရ် အားကြိုးစင်တင်ပြီးနောက်ပိုင်း ကသွီးဖ်နှင့်အဲဟ်စာအ်တို့တွင်(ရှီအိုက်များ) ၏အမျက်ဒေါသထွက်လာမှု ကျယ်ပြန့် လာနိုင်ဖို့ အခြေအနေရှိကြောင်းဖော်ပြထားပါတယ်။
ဆော်ဒီနိုင်ငံတွင်အထက်ပါမြို့များနှင့်အခြားမြို့ များတွင် ရှီအာ (ရှီအိုက်) ၃သိန်းခန့်နေထိုင်လျက်ရှိပါတယ်။ လူအယောက် ၃သန်းတပြိုင်တည်းဒေါသထွက်အမျက်ထွက်တော်လှန်မှုပြုလာရင်ဆော်ဒီအစိုးရအတွက် အခြေ အနေမ ကောင်းလာနိုင်စရာတွေဖြစ်လာနိုင်ပါတယ်။
---------------
251 / End