အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်ကွဒ်စ် အလ်အရဘီသတင်းစာ တွင်ရေးသားထားပါတယ်။ အီရတ်ရှိ ဟေစ်ဘွလ္လာဟ် အဖွဲ့၏ အဓိက အရေး ပါ နေသူများမှ ဆော်ဒီ အစိုးရ ကို ငြိမ်းခြောက်ခဲ့ပါတယ်။ ဆော်ဒီ အကျော်အမော် အာလင်မ် ရှိက်္ခနေမေရ် အား ဆော်ဒီ အစိုးရမှ ကြိုးစင်တင်ခဲ့မည်ဆိုလျင် ၎င်းတို့ အနေဖြင့်လည်း ဆော်ဒီ အကျဉ်းသားများအားလုံးကို သုတ်သင် ကွပ်မျက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဆော်ဒီ လပ်နက်ကိုင် များကို အီရတ် နယ်စပ်များမှတိုက်ခိုက် မည် ဖြစ်ကြောင်း ဆိုထားပါတယ်။
ဤ လန်ဒန် ပုံနှိပ် သတင်းစာမှဆက်လက်ပြီး အစီရင်ခံထားပါတယ်။ (အဘာစ် အလ်မဲဟ်မူဒ်ဒါဝရီ ) အီရတ်ရှိ ဟေစ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် မှ သတင်းစာ ရှင်းလင်းပွဲ တစ်ခု တွင်ပြော ကြားခဲ့ပါတယ်။ ရေရာဇ် (ဆော်ဒီ အစိုးရ မြို့ တော် ) ဖက် မှ ရှိက်္ခနေမေရ် အား ကြိုးပေး ကွပ်မျက်ခဲ့ မည်ဆိုလျင် မိမိတို့ဖက်မှလည်း မိမိတို့လက်တွင်း ရှိ ဆော်ဒီ အကျဉ်းသားများအားလုံးနှင့် ဆော်ဒီ အတွက် အရေးကြီး ပုဂ္ဂိုလ် ၃ဦးကိုလည်း သုတ်သင် ကွပ်မျက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး ပြောကြားပါတယ် ။ ဆော်ဒီ အကျဉ်းသားများကို ရှိက်္ခနေမေရ် အားမလွတ်ပေးသည့် အချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဆော်ဒီအစိုးရ အနေဖြင့် သိထားရမည့် အချက်မှာ အီရတ်ရှိ ဟေစ်ဘွလ္လာဟ် ၊ ဆီးရီးယား ၊ လက်ဘနွန် နှင့်ယီမင် ရှိ ဟေစ်ဘွလ္လာဟ်များ အနေဖြင့် ရှိက်္ခနေမေရ် အား ကြိုးပေး ကွပ်မျက်ခဲ့ မည်ဆိုလျင် ဆော်ဒီကို ကျစ်လစ် တဲအဖြေပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
ဤသတင်းစာ တွင်ဆက်လက်ပြီး ရေး သားဖော်ပြထားပါတယ်။ ဟေစ်ဘွလ္လာဟ်တပ်မှူးများ ကို အမိန့်ပေး ထားပြီး ဖြစ်ပါ တယ် ။ ၎င်းတို့မှ မိမိတို့ ကွန်မန်ဒို များကို အီရတ် နှင့်ဆော်ဒီ နယ်စပ်ရှိ ဆော်ဒီအခြေစိုက် ကြည်းတပ်များ ကိုတိုက်ခိုက်ရန် နှင့် ဆော်ဒီ နိုင်ငံ အတွင်းဗုံးခွဲမှုများကို ပြုလုပ်ရန် သုံး နိုင်ပြီး ၊ အသင့်ရှိနေ အနေအထား တွင် ဖြစ်နေကြောင်း ရေးသားထားပါတယ်။ဒါကြောင့် ဆော်ဒီ အစိုးရ အနေဖြင့် ရှိက်္ခနေမေရ် အား ကြိုးပေး ကွပ်မျက် ရန်မလွဲ မသွေ ပယ်ဖျက်ဖို့ လိုကြောင်း ဖော်ပြထားပါတယ်။
+++++++++++++++
251 / End