၂၃ မေ ၂၀၁၅ - ၁၉:၁၉
အလ်အန်ဗ်ရ်မြို့   ကျဆုံးရတာ သစ္စာဖောက်မှု ကြောင့် ဖြစ် / နဂျဖ်ဖေအရှရဖ် ရှိ သောကြာနမာဇ်ရှေ့ ဆောင်

အီရတ် နိုင်ငံ၏နဂျဖ်ဖေအရှရဖ်မြို့ ရှိ သောကြာနမာဇ်ရှေ့ ဆောင် ဆရာတော် အလာမာ ဆယက်ဒ် ဆဒရွဒ်ဒီး(န) အလ်က ဗါန် ဂျီ အနေဖြင့် အလ်အန်ဗ်ရ်မြို့ နယ် ကျဆုံးရတာ သစ္စာဖောက်မှု ကြောင့် ဖြစ်ပြီး အကြမ်းဖက် သမား IS အဖွဲ့၏ စွမ်းအား ကြောင့် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်အာလန်မ် သတင်းဌာန ၏ အထောက်အထားအရ အလာမာ ဆယက်ဒ် ဆဒရွဒ်ဒီး(န) အလ်က ဗါန် ဂျီ အီရတ် နိုင်ငံ ၏ နဂျဖ်ဖေအရှရဖ်မြို့ ရှိသောကြာနမာဇ်ရှေ့ ဆောင် ဆရာတော် အနေဖြင့် မေလ၂၂ရက်နေ့ သောကြာ နမာဇ် ၏ နမာဇ်ဟေဂျွန်မာ၏ခွစ်ဗာ တွင်တိုက်တွန်းပြောကြားခဲ့ ပါတယ်။ပြောကြားခဲ့ချက်ကတော့ အလ်အန်ဗ်ရ် မြို့ နယ် ကျဆုံးရတာသစ္စာဖောက်မှု ကြောင့် ဖြစ်ပြီး အကြမ်းဖက်သမား IS အဖွဲ့၏ စွမ်းအား ကြာင့် မဟုတ်ကြောင်း မိန့်ကြား ခဲ့ပါ တယ်။
အလာမာ ဆယက်ဒ် ဆဒရွဒ်ဒီး(န) အလ်က ဗါန် ဂျီ မှမိန့်ကြားခဲ့ပါတယ်။ အလ်အန်ဗ်ရ် မြို့ နယ် ရှိ ရဲအယောက် ၁သောင်း၂ထောင်အနေဖြင့် မိမိတို့၏ လက်နက်များကို မြေအတွင်း ဝှက်ထားကြပြီး မြို့ မှ တပ်ဆုတ်ပေးခဲ့ကြသည့် သစ္စာဖောက်မှုကြောင့် ကျဆုံးခဲ့ရကြောင်း မိန့်ကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီးမိန့်ကြားပါတယ်။ဤဖြစ်ရပ်ဟာ အမှားများကို ပြန်လည် ဆန်းစစ် ရန် ဖြစ်ပြီး ၊နိုင်ငံရေး သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန် နှင့် ရှုံးနိမ့်မှုများ မရှိစေရန် ခိုင်ခံ့သည့်နည်းလမ်းများကိုစီစဉ်ရန် အတွက် ဖြစ်ကြောင်း မိန့်ကြားလာခဲ့ပါတယ်။
သောကြာနမာဇ်ရှေ့ ဆောင် ဆရာတော် အလာမာ ဆယက်ဒ် ဆဒရွဒ်ဒီး(န) အလ်က ဗါန် ဂျီ အနေဖြင့် အီရတ်တပ်မတော် နှင့်ပြည်သူ့ တပ်မတော် အပေါ် အဆိုးမမြင်ဖို့ ၊၎င်းတို့အား စိတ်ဓာတ်ရေးရာအရ အားပေး ထောက်ခံမှု ပြုဖို့ ကြိုး စားရန် မေတ္တာရပ်ခံခဲ့ပါတယ်။ အကြောင်းမှာ ဤ အင်အားများ (အီရတ်တပ်မတော် နှင့်ပြည်သူ့တပ်မတော်) သည် အလ်အန်ဗ်ရ်မြို့ ကို ပြန်လည်သိမ်းပိုက် နိုင်ဖို့ကြိုးစားနေ သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
အကြမ်းဖက်သမား IS အဖွဲ့များအနေဖြင့် အလ်အန်ဗါရ် ပြည်နယ် ရှိ ရမာဒီမြို့ အား ရက်အနည်းငယ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဤမြို့ သား အမြောက်အများ ကိုလည်း လူမဆန်စွာ ကွပ်မျက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမား IS အဖွဲ့ ၏တိုက်ခိုက် လူမဆန်မှုများကြောင့် ၎င်းဒေသရှိ မြောက်များစွာသော ပြည်သူများ သည် ဘဂ္ဂဒတ်မြို့ ဖက်သို့ ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်ဘဝသို့ရောက်နေပါတယ်။
ယခုအချိန်အခါမှာ ၊အလ်အန်ဗ်ရ် မြို့ နယ် ရှိပြည်သူလူထု နှင့် တာဝန်ခံများမှ အီရတ်ဝန်ကြီးချုပ် ထံ ဤပြည်နယ်အားအကြမ်းဖက်သမား IS အဖွဲ့များ လက်မှ ပြန်လည် လွတ်မြောက်ရန် အီရတ်ပြည်သူ့တပ်မတော် ကိုလွတ်ပေးဖို့မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။
++++++++++++++++
251 / End