အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ပါလီမန် ဆိုင်ရာ အမျိုးလုံခြုံရေး နှင့် နိုင်ငံခြား မူဝါဒ ကော်မရှင် အဖွဲ့ ၏ အကြီးအကဲ အလာအွန်ဒ်ဒီး(န) ဗရူဂျိုရ်ဒီ အနေဖြင့် အီရန်ရေဒီယို သတင်းဌာန -သတင်းထောက်နှင့် စကားအမေးအဖြေပြုလုပ်ရာတွင် ၎င်းအနေဖြင့် ဝမ်းနည်းစွာ ဖြေကြား ပြောကြား ခဲ့ပါတယ် ။ ဖြေကြားပြောကြားတာကတော့ တူရကီ နိုင်ငံ ဟာ ကမ္ဘာ အစ္စလာမ် နိုင်ငံတွေ ကိုကူညီ အားပေးနေတယ်လို့ ကြွေးကျော် နေပြီးမိမိ ပတ်ဝန်းကျင် နိုင်ငံများတွင် အမေရိကန် ပေါ်လစီ ကို လက်တွေ့ ကျင့်သုံးနေခြင်း ဖြစ်ပါတယ် ။
ဘယ်အဆင့်ထိရောက်လာပြီးဆိုရင် တူရကီ နိုင်ငံ၏ စစ်တပ်ဟာ မွတ်စလင်မ် လူထုများကို အမျိုးပြုတ် သတ်ဖြတ်ဖို့ အမေရိကန် ဖက်ကနေ စစ်တိုက်ပေးလာသည့် အထိ ဖြစ်လာကြောင်း ကို လည်း ပြောကြားခဲ့ပါတယ် ။
တူရကီ နိုင်ငံ အနေဖြင့် မိမိ၏ မှားယွင်းနေသည့် အဆုံးအဖြတ် ကို ပြန်လည် စိစစ်ကြလိမ့်မည် ဖြစ်ပြီး မိမိ၏ အိမ်နီးနားချင်း ၂ နှစ်နိုင်ငံ ဖြစ်သည့် ဆီးရီးယား နိုင်ငံ နှင့် အီရတ် နိုင်ငံ တို့ အပေါ် တိုက်ခိုက်နေမှု ကို ရပ်လိုက်မည် ဟု မျှော်လင့် မိကြောင်း အလာအွန်ဒ်ဒီး(န) ဗရူဂျိုရ်ဒီ အနေဖြင့် ဆက်လက်ပြီး ပြောကြားခဲ့ပါတယ် ။
လတ်တလော အတွင်း တူရကီ နိုင်ငံဖက်မှ တိုက်လေယာဉ်များ သည် ဆီးရီးယားနိုင်ငံအား IS (ခ) ဒါအေရှ် အစွန်းရောက် အကြမ်းဖက် များကို အကြောင်းပြပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အမှန်တကယ်တူရကီ နိုင်ငံ သည် ဆီးရီးယားနိုင်ငံအား IS (ခ) ဒါအေရှ် အစွန်းရောက် အကြမ်းဖက် များကို ဖေးမ ကူညီနေသည့် နိုင်ငံ ဖြစ်ပြီး အမေရိကန် နိုငှ်ု့ အနေဖြစ် IS အဖွဲ့ ဝင်များ ကို စစ်ပညာ သင်ကြား ပေးရန် မိမိ နယ်စပ်ဒေသ ကို ခွင့်ပေး ခဲ့သည့် နိုင်ငံ ဖြစ်ပါတယ် ။
-------
251 / End