အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
နဂျဖ်ဖေအရှ်ရဖ် မှ မရ်ဂျအ်ယေ သက္က်လီးဒ် တော် တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ မိုဟမ္မဒ် အေစ်ဟက္က် ဖရားဇ် အနေဖြင့် ပြီးခဲ့သည့် အပတ် အင်္ဂါနေ့က ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ မရှ်ဟဒ် မြို့ သို့ ဆိုက်ရောက် လာခဲ့ပါတယ် ။ ၎င်း ခရီး စဉ် ၏ အဓိက ရည်ရွယ်ချက်မှာ အေမာမ်မေရေဇာ (အ.စ) ၏ ဇေယာရသ် ပြုရန် အီရန်ရှိ မရ်ဂျအ် ယေ သက္က်လီးဒ် တော်များ နှင့်တွေ့ဆုံ စကားဆို ရန် အတွက် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ မိုဟမ္မဒ် အေစ်ဟက္က် ဖရားဇ် သည် နဂျဖ်ဖေ အရှ်ရဖ် တွင် လက်ရှိ သီတင်းသုံးနေထိုင်နေသည့် အကျော် အမော် မရ်ဂျအ်ယေ သက္က်လီးဒ် တော် များ ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် ၊ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဟာဖေဇ် ဗရှီးဟိုစိုင်း(န) နဂျဖ်ဖီ ကဲ့သို့ အရေးပါ အရာ ရောက်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ တစ်ပါး ဖြစ်ပါတယ်။
-------------
251 / End


