၉ ဩဂုတ် ၂၀၁၅ - ၁၉:၀၉
နိုင်ငံရပ်ခြား တွင် သာသနာ့ပြုနေသူ သည် အလ္လာဟ် ဟိုအရှင်မြတ် သခင်၏ စစ်မှန်သည့် မိုဂျာဟစ်ဒ် ဖြစ်ပါတယ် / အာယာသွလ္လာဟ် အခ်သရီ

အာယာသွလ္လာဟ် ဟစန် အခ်သရီအနေဖြင့် (အိုလမာ သည် ကျွန်ုပ်၏ ကိုယ်စားလှယ်တော်များ ဖြစ်ချေသည် ))ဆိုသည့် ကိုယ်တော်မြတ်(ဆွ)ဟဒီးစ်တော် အား မီးမောင်းထိုးပြပြီး အလ္လာဟ် ဟို အရှင်မြတ် သခင်၏ သာသနာတော်အတွက် စစ်မှန်သည့် မိုဂျာဟစ်ဒ် ဆိုသူများ မှာ နိုင်ငံ တကာတွင် သာသနာ့ပြုနေသူများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် ဟစန် အခ်သရီအနေဖြင့်(၉) ကြိမ်မြောက် ဂျအ်မေအသွလ်မွတ်စ်သဖွာ (ဆွ) အကြီးအကဲများ ဆိုင်ရာ ညီလာခံတွင် သာသနာ အိုလမာအနေဖြင့် မိမိတို့၏ နေရာ အဆင့် အတန်း အတွက် ဂုဏ်ယူသင့်ကြောင်း အကြောင်းမှာ အိုလမာ မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့် ၁၂ပါးအေမာမ် မအ်စူးမ် (အ.စ) တို့၏ တပည့်များ နှင့် (အူလူလ်အေလ်မ်) နှင့်ကိုက်ဘီသူများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အခ်သရီအနေဖြင့်(အိုလမာ သည် ကျွန်ုပ်၏ ကိုယ်စား လှယ်တော်များ ဖြစ်ချေသည် ))ဆိုသည့် ကိုယ်တော်မြတ်(ဆွ)ဟဒီးစ်တော် အား မီးမောင်းထိုးပြပြီး အလ္လာဟ် ဟို အရှင်မြတ် သခင်၏ သာသနာတော်အတွက် စစ်မှန်သည့် မိုဂျာဟစ်ဒ် ဆိုသူများ မှာ နိုင်ငံ တကာတွင် သာသနာ့ပြုနေသူများ ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။ကိုယ်တော်မြတ် (ဆွ) အနေဖြင့် အိုလမာအား အစ္စလာမ်၏ ဒိုင်ဟု မိန့်    ဆိုထားပါတယ် ။

အာယာ သွလ္လာဟ်မှဆက်လက်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက် နောက်သား များ လက်ရှိ အခြေအနေဖက်သို့ တင်ပြပြီး ယနေ့ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက် နောက်သား များယဉ်ကျေးမှု ထုံတမ်းစဉ်လာ ၏ ဖမ်းစားမှုကိုခံနေရပါတယ် ။ ၎င်းတို့အတွက် သဗ်လီးဂ် နှင့် မအာရေဖ်ဖေဒီးန် (သာသနာ့ အကြောင်း သိရှိနားလည်ရန်) အလွန် အရေးကြီးလိုအပ်ပါတယ် ။ ဂျအ်မေအသွလ်မွတ်စ်သဖွာ (ဆွ)၏ ကိုယ်စားလှယ်တော်များ အနေဖြင့် နိုင်ငံတကာတွင် ဤလမ်းစဉ် အတွက် ကြိုးပမ်းအားထုတ်နေကြပါတယ် ။

အာယာသွလ္လာဟ် ဟစန် အခ်သရီအနေဖြင့် ရန်သူများ ၏ ဆွဲဆောင်မှု ကို တော်လှန်နိုင်ရန် အရေး ကြီးကြောင်းပြောကြားရင် ကျွန်ုပ်တို့အားလုံး အနေဖြင့် အစ္စလာမ့်လောက အတွက် အိုလမာ တစ်ညီတစ်ညွတ်တည်း ဖြစ်အောင် ၊ တစ်သွေးတစ်သံတည်း ဖြစ်အောင် အတွေးအတူတူ ဖြစ်အောင် ဖန်တီး ရမည် ဖြစ်ကြောင်း ပြေကြားခဲ့ပါတယ်။

………………………………………………………….

251 / End