အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးဟာ သြဂုတ် ၂၇ ရက်နေ့က ဝန်ကြီးချုပ်ဟောင်း ယူဆဲ့ဖ် ရာဇာ ဂီလာနီကို အဂတိလိုက်စားမှု စွဲချက်နဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွင်း ဘက်လိုက်ပြီး ဒေါ်လာသန်းချီ လာဘ်ယူမှုနဲ့ စွဲချက်တင်တာလို့ လုံခြုံရေး အရာရှိတယောက်က ပြောပါတယ်။
အဲဒီနေ့မှာပဲ အတိုက်အခံဖြစ်တဲ့ ပါကစ္စတန် ပြည်သူ့ပါတီ (ပီပီပီ) ရဲ့ အကြီးတန်း အထင်ကရ လူတယောက်ကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်အဖွဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။
ပီပီပီပါတီကတော့ ရန်သူဟာ တရားရုံးတွေကို သုံးပြီး အသရေဖျက်တဲ့ လှုပ်ရှားမှုကို လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဂီလာနီဟာ ပီပီပီပါတီ အစိုးရဖွဲ့ချိန် ၂၀၀၈ မတ်လက စပြီး ဝန်ကြီးချုပ် ဖြစ်လာပြီး ၂၀၁၂ ဧပြီမှာတော့ ပါကစ္စတန် တရားရုံးချုပ်က သူ့ကို ရာထူးချခဲ့ပါတယ်။
လက်ရှိမှာတော့ သူဟာ သူ့ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဂီလာနီနဲ့ အကြီးတန်း ပါတီခေါင်းဆောင် မခ်ဒွန်းမ် အာမင် ဖာဟင်းတို့ကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က အရာရှိ ဂျဗက် အက္ကဘာ ရီယက်ဇ်က ပြောပါတယ်။
သူတို့ ၂ ေ%G1