၂၄ စက်တင်ဘာ ၂၀၁၅ - ၀၄:၄၆
ရေဘေးသင့် ၁၄မြို့နယ် မဲစာရင်းကြေညာသည့်ရက် တိုးမြှင့်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဆိုးရွားစွာကြုံတွေ့ခဲ့သည့် ဟားခါးမြို့ကို တွေ့ရစဉ်၊ ရေဘေးသင့်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု ရှိ မြို့နယ် ၁၄ခုတွင် မဲစာရင်းထုတ် ပြန်ကြေညာသည့်ရက်တိုးမြှင့် လိုက်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စက်တင် ဘာ ၂၃ရက်၌ ထုတ်ပြန်ကြေညာသည်။ ချင်းပြည်နယ် မတူပီ၊ဟား ခါးနှင့် တွန်းဇံမြို့နယ်တို့တွင် အောက်တိုဘာ ၁၀ရက်ထိလည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရှိ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော် လိုက်နှင့် ဖောင်းပြင်မြို့နယ်များတွင်အောက်တိုဘာ ၂ ရက်ထိ လည်းကောင်း မဲစာရင်းကြေညာသည့်ရက် တိုးမြှင့်ကြောင်းသိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဆိုးရွားစွာကြုံတွေ့ခဲ့သည့် ဟားခါးမြို့ကို တွေ့ရစဉ်၊

ရေဘေးသင့်ခဲ့သော  တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု ရှိ မြို့နယ် ၁၄ခုတွင် မဲစာရင်းထုတ် ပြန်ကြေညာသည့်ရက်တိုးမြှင့် လိုက်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စက်တင် ဘာ ၂၃ရက်၌ ထုတ်ပြန်ကြေညာသည်။

 ချင်းပြည်နယ် မတူပီ၊ဟား ခါးနှင့် တွန်းဇံမြို့နယ်တို့တွင်  အောက်တိုဘာ ၁၀ရက်ထိလည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရှိ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော် လိုက်နှင့် ဖောင်းပြင်မြို့နယ်များတွင်အောက်တိုဘာ ၂ ရက်ထိ လည်းကောင်း မဲစာရင်းကြေညာသည့်ရက် တိုးမြှင့်ကြောင်းသိရသည်။

သို့သော် မြို့လုံးကျွတ်ရေနစ် မြှုပ်ခဲ့သော ကလေးမြို့မှာ ပါ ၀င်လာခြင်းမရှိချေ။

‘‘ဒီမှာရေတော့မကြီးတော့ ဘူး။ မဲစာရင်းတော့ တစ်ရက် ဆယ်ယောက်လောက်ကြည့်ကြ တယ်။ ပြင်ဆင်ဖြည့်စွက်ကြတာ တော့ရှိတယ်။ ဒါပေမဲ့ သိပ်စိတ်မ ၀င်စားကြပါဘူး’’ဟုကလေးမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ဥက္ကဋ္ဌဦးတင်ဆောင်ကပြော သည်။


ထို့အပြင် မကွေးမှ စေတုတ္တ ရာ၊ မန္တလေးမှ မြင်းခြံ၊ ဧရာဝတီ တိုင်းမှ ဟင်္သာတ၊ ဇလွန်နှင့် မြန် အောင်တို့တွင် အောက်တိုဘာ ၄ ရက်အထိ၊ အင်္ဂပူမြို့နယ်၌ စက်တင်ဘာ၃၀ထိ အသီးသီးတိုးမြှင့်ခဲ့သည်။ မကွေးတွင် ရေဘေးအထိနာခဲ့သော ပွင့်ဖြူနှင့်စကုမြို့နယ်တို့လည်း ရက်တိုးစာရင်းတွင်ပါမလာချေ။

‘‘ကျွန်တော်တို့ မြင်းခြံက မြစ်ဘေးက ရွာတချို့မှာ မဲစာရင်း ကြေညာတဲ့အချိန်အထိ ရေမကျ သေးတော့ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲတွေက မဲစာရင်းကပ်ဖို့ ရက်တိုးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ တချို့ရွာတွေမှာ  အခုထက်ထိ ဗွက်တွေ ကျန်နေသေးတော့ မဲစာရင်းကြည့်ဖို့ အခက်အခဲရှိနေတယ်’’ဟု မြင်းခြံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်မြင့်စိုးကပြောသည်။

 နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းကို စက်တင်ဘာ ၁၄ မှ ၂၇ရက်အထိ သတ်မှတ်ထားသည်။

ယခုနှစ်မိုးဦးကျမှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အ များအပြားရေဘေးဒဏ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး  တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို နိုင်ငံတော်သမ္မတက ဇူလိုင် ၂၉ရက်တွင်သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာခဲ့သည်။

မြေပြိုမှုများကြုံတွေ့ရသည် အထိ သဘာဝဘေးအန္တရာယ်ကြုံ တွေ့ခဲ့ရသော ချင်းပြည်နယ်တွင် ရွေးကောက်ပွဲနောက်ဆုတ်ပေး ရန်အထိပင် ချင်းပါတီအချို့က တောင်းဆိုခဲ့ကြသည်။


---------------------------------------
251 / End