အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ၎င်းတို့၏ အဖွဲ့ဝင် မြောက်မြားစွာ စွန့်ခွာထွက်ပြေးနေသည့် အခြေအနေကို ကြုံတွေ့နေရ သည်။
အိုင်အက်စ်တို့က သစ္စာဖောက်များဟု စွပ်စွဲလေ့ရှိသည့် ထွက်ပြေးသူများကို စုစည်းမေးမြန်းထားသော စစ်တမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ရာ အိုင်အက်စ်တို့၏ သဘောထားအပေါ် အဖွဲ့ဝင်များကြား မုန်းတီးခါးသီးမှုများ ပိုမိုမြင့်တက်လာကြောင်း ဖော်ပြပါရှိသည်။
အိုင်အက်စ်တို့သည် အစ္စလာမ် ဘာသာရေးကို စောင့်ရှောက် ရန်ဆိုသော ကြွေးကြော်မှုဖြင့် ကမ္ဘာတစ်ဝန်းရှိ အစွန်းရောက် အစ္စလာမ်မစ် ဂျီဟတ်ဝါဒီများကို သိမ်းသွင်းခဲ့သော်လည်း ၎င်းတို့၏ တပ်သားများကြားတွင် အိုင်အက်စ်တို့သည် အစ္စလာမ်ဘာ သာရေး၏ ရန်သူအဖြစ် ထင်မြင် ယူဆမှုများ တိုးပွားလာခဲ့သည်။
လန်ဒန် ကင်းကောလိပ်မှ သုတေသီများက ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေစိုက်လှုပ်ရှားနေသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်သွေးကြွအဖွဲ့ကို ကျောခိုင်းစွန့်ခွာလာသူ ၅၈ ဦးကို တွေ့ဆုံမေးမြန်းပြီး အိုင်အက်စ်တို့အပေါ် ၎င်းတို့ အဖွဲ့ဝင်များ၏ သဘောထား စစ်တမ်းကို ထုတ် ပြန်ခဲ့သည်။ အိုင်အက်စ်တို့ထံမှ တိမ်းရှောင်လာသည့် တပ်ဖွဲ့ဝင် ဟောင်း အများစုသည် အိုင်အက်စ် တို့၏ လက်တုံ့ပြန်မှုကို စိုးရွံ့နေပြီး အတတ်နိုင်ဆုံး သိုသိပ်စွာ နေ ထိုင်လေ့ရှိကြောင်းလည်း သိရ သည်။

‘‘အဖွဲ့အစည်းရဲ့ ဦးတည်ချက်က တခြားသူပုန်အဖွဲ့ တွေနဲ့ ခိုက်ရန်ဖြစ်ဖို့ပဲ ဦးတည်နေတယ်။ ခေါင်းဆောင်ပိုင်းက တစ်ယောက်ယောက်ကို သူပုန်၊ ဒါမှမဟုတ် သစ္စာဖောက်လို့ စွပ်စွဲပြီး သေ ဒဏ်ပေးရမယ့် ကိစ္စကို မူးယစ် ဆေးစွဲသလို စွဲလမ်းနေတာပါ။ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ ဆင်နွှဲမယ်ဆိုတဲ့ ကြွေးကြော်ခဲ့တဲ့ ဘာသာရေးစစ်ပွဲဟာ ဒီလို မဟုတ် ခဲ့ဘူးလေ’’ ဟု ဆီးရီးယားရှိ အိုင် အက်စ် အဖွဲ့အတွက် အမှုထမ်းခဲ့ ဖူးသူ တိုက်ခိုက်ရေးသမားဟောင်း တစ်ဦးက စစ်တမ်းအတွက် သ ဘောထားပေးဖြေကြားခဲ့သည်။
အခြားသော အဖွဲ့ဝင်တစ်ဦးကမူ အိုင်အက်စ်တို့၏ လူမဆန် သော ကြမ်းကြုတ်ရက်စက်မှု များကြောင့် ၎င်းတို့နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အိုင်အက်စ်တို့ ထိန်းချုပ် ထားရာ နယ်မြေများတွင် မင်းမဲ့ စရိုက်ဆန်ဆန် သတ်ဖြတ်မှုများ၊ အပြစ်မဲ့ ပြည်သူများကို ဖိစီးနှိပ် စက်မှုများသည် သာမန်အခြေ အနေသဖွယ် ဖြစ်ပေါ်နေလေ့ ရှိသည်။

‘‘သူတို့က ဖမ်းထားတဲ့ ဓားစာခံတွေကို ကြုံသလိုဆွဲထုတ်ပြီး သတ်ဖြတ်နေတတ်တယ်။ ပြီး တော့ ကျေးရွာတွေကို ဝင်စီးပြီး ခုခံတဲ့သူတွေကို အိုင်အက်စ် ကွန် မန်ဒိုတွေက သတ်ပစ်တယ်။ တ ကယ်တော့ သူတို့ဟာ မွတ်စလင် တွေကို ကာကွယ်နေတာမဟုတ် ဘူး။ မွတ်စလင်တွေကို သတ်ဖြတ် နေတာဖြစ်ပါတယ်’’ ဟုလည်း အ ခြား အိုင်အက်စ် တပ်ပြေးတစ် ဦးက မှတ်ချက်ပြုခဲ့သည်။
အိုင်အက်စ်တို့ထံမှ ထွက်ပြေးလာသည့် တိုက်ခိုက်ရေးသမားဟောင်း ဒါဇင်အတော်များ များသည် ဆီးရီးယား နယ်စပ်ကို ဖြတ်ကျော်ကာ တူရကီသို့ ခိုလှုံဝင် ရောက်လာလေ့ရှိသည်။
ကင်းကောလိပ်မှ သုတေသီများက ယခုစစ်တမ်းကို ဖြေကြားသူ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ဝင်ဟောင်း ၅၈ ဦးစလုံးသည် ရက်စက်သော သုတ်သင်သတ် ဖြတ်မှုများကို မျက်ဝါးထင်ထင် ကြုံဖူးသည်ဟု ဝန်ခံခဲ့ကြောင်း ဆိုသည်။ သဘောတရားရေးရာ အရ အိုင်အက်စ်တို့သည် အစ္စ လာမ်မစ် အဆုံးအမကို ဆန့်ကျင် သည့် အပြုအမူများ ကျူးလွန်နေ သည်ဟု အိုင်အက်စ်တပ်ပြေး အ များစုက ယူဆနေကြောင်းလည်း သိရှိရသည်။
‘‘တချို့တွေကျတော့လည်း မက်လုံးပေးတာတွေကို အဟုတ်ထင်ပြီး အိုင်အက်စ် သိမ်းသွင်း တာ ခံလိုက်ရတယ်။ ဒါပေမဲ့ တကယ် တမ်းမှာကျတော့ ကြိုတင်ကတိ ပေးထားသလို မော်တော်ကား တွေ၊ ဇိမ်ခံအသုံးအဆောင်တွေ ဘာတစ်ခုမှ ပိုင်ဆိုင်ခွင့်မရှိဘူး ဆိုတာ လက်တွေ့သိသွားကြတာ ပါပဲ’’ ဟုလည်း တစ်ဦးက ပြော ကြားခဲ့သည်။
အိုင်အက်စ် အဖွဲ့သား ဟောင်း နှစ်ဦးကမူ မိမိတို့ကို အသေခံ ဗုံးသမားများအဖြစ် အသုံးပြုရန် အိုင်အက်စ်ခေါင်း ဆောင်များက စီစဉ်နေကြောင်း ကြားသိပြီးနောက် ထွက်ပြေးလာ ကြကြောင်း ဖွင့်ဟခဲ့သည်။
‘‘အိုင်အက်စ်ရဲ့ ကြောက်စရာ ကောင်းလောက်အောင် ရက်စက် ကြမ်းကြုတ်ပုံတွေကတော့ နေရာအနှံ့မှာ သတင်းစုံ ပြန်ကြားနေရတာပါ။ အဖွဲ့ထဲကနေ ထွက် ပြေးသူ အရေအတွက်ကလည်း တစ်နေ့တခြား တိုးလာတယ်။ အိုင်အက်စ်ထဲ ရောက်သွားရင် လူ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် ယုံကြည်မှုကို အလိုလို ပိတ်ပင် ပြီးသား ဖြစ်သွားတယ်။ သူတို့ ရဲ့ အမိန့်ဟာ သူတို့ရဲ့ ဘာသာရေးပဲ။ မလိုက်နာရင် သတ်ပစ်တာပဲ။ ဒီဒဏ်ကို ရေရှည်ခံနိုင်တဲ့သူမျိုး များများစားစား မရှိဘူးလေ။ တချို့က ကြောက်လို့ တွယ်ကပ် ပြီး ဆက်နေကြတယ်။ တချို့က တော့ စွန့်စားပြီး ထွက်ပြေးကုန်ကြ တယ်’’ ဟု အမည်မဖော်ပြသည့် တိုက်ခိုက်ရေးသမားဟောင်း တစ် ဦးက ပြောကြားခဲ့သည်။
မိမိကိုယ်ကိုယ် အီဘရာ ဟင်မ်ဟု ထုတ်ဖော်ပြောဆိုပြီး အနောက်နိုင်ငံသားတစ်ဦးဖြစ်သည့် အိုင်အက်စ်တပ်သားဟောင်းကမူ CBS နှင့် အင်တာဗျူးတွင် ‘‘တပ်သားသစ်တွေ အများကြီး လူစုပြီးရောက်လာတာမျိုးတွေ ကြုံဖူးတယ်။ အား လုံးက တက်ကြွပြီး စိတ်ထက် သန်နေကြတယ်။ အွန်လိုင်းကနေ တစ်ဆင့် အိုင်အက်စ်ရဲ့ ဝါဒဖြန့် ပုံရိပ်တွေကို အဟုတ်ကြီး ထင်နေ ကြတယ်လေ။ ဒါပေမဲ့ လက်တွေ့ မှာတော့ စစ်ရေးပြချီတက်နေ တာတွေ၊ နေရာတကာအောင်ပွဲခံ အခမ်းအနား ကျင်းပနေနိုင်တာ တွေ ဘာမှမရှိပါဘူး’’ဟု ဖွင့်ဟ ခဲ့သည်။
အိုင်အက်စ် စစ်သွေးကြွ ဟောင်းများ၏ အမြင်များကို စုစည်းဖော်ပြထားသည့် အစီရင်ခံမှုသည် အိုင်အက်စ်တို့နှင့် သွား ရောက်ပူးပေါင်းရန် လိုလားနေသည့် ဂျီဟတ်ဝါဒီ လူငယ်လူရွယ် များ၏ တက်ကြွမှုနှင့် ရဲရင့်မှုကို ပျက်စီး ယုတ်လျော့သွားစေရန် မျှော်လင့်ကြောင်းလည်း ကင်း ကောလိပ်မှ သုတေသီများက ဆို သည်။

‘‘အိုင်အက်စ်တွေ ဆီကနေ ဘက်ပြောင်း ခိုလှုံလာသူတွေဟာ အဲဒီအကြမ်းဖက် အဖွဲ့ရဲ့ လက်အောက်မှာ ရှင်သန်ရတဲ့ ဘဝကို ထင်ထင်ရှားရှား လက်တွေ့ သိမြင်ခဲ့သူတွေ ဖြစ်ပါတယ်။ သူ တို့ရဲ့ ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ ဇာတ်ကြောင်းတွေဟာ အိုင်အက်စ်ကို ထိုးနှက်တိုက်ခိုက်ရာမှာ အား ကောင်းတဲ့ ပုံရိပ်ကိရိယာတွေ ဖြစ် လာနိုင်ပါတယ်’’ ဟု အဆိုပါ အစီ ရင်ခံမှုတွင် ထည့်သွင်းရေးသား ထားသည်။
အမေရိကန် ပြည်ထောင်စု သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အိုင်အက်စ်တို့ကို လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် ဝါဒ ရေးရာဖြင့် ဆန့်ကျင်တိုက်ခိုက်မှုများလည်း အစပြုနေပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် Think Again Turn Away အမည်ဖြင့် Twitter စာ မျက်နှာတစ်ခု ဖွင့်လှစ်ကာ အိုင် အက်စ် ဆန့်ကျင်ရေး ဝါဒဖြန့် ရေး သားမှုများ ပြုလုပ်နေသည်။
သို့သော်လည်း အမေရိကန် အစိုးရအနေဖြင့် အိုင်အက်စ် အဖွဲ့ဝင်ဟောင်းများကို ၎င်းတို့ ကြုံ ခဲ့ဖူးသည့် အတိတ်ဆိုးများအား လူသိရှင်ကြား ထုတ်ပြောလာအောင် ပိုမိုတွန်းအားပေး ဆောင်ရွက်သင့်သည်ဟု ကင်းကောလိပ်မှ နိုင်ငံတကာ အစွန်းရောက်ဝါဒ လေ့လာရေးစင်တာက တိုက် တွန်း အကြံပြုခဲ့သည်။
အိုင်အက်စ် တပ်ပြေးများ၏ ဇာတ်ကြောင်းများနှင့် ပတ်သက်၍ လီဆယ်ဖန်တီးမှုများ ရှိနေသည် ဟု စွပ်စွဲမှုအချို့ ထွက်ပေါ်ခဲ့သော်လည်း ယခုထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်မူ ဖော်ပြထားသမျှ ဖြစ်ရပ်များသည် အလွန်ခိုင်မာ တိကျပြီး ယုံကြည်စိတ်ချရကြောင်း အလေးအနက် ရေးသားအသိ ပေးထားသည်။
---------------------------------------
251 / End