၂၈ နိုဝင်ဘာ ၂၀၁၅ - ၂၀:၂၅
ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် အနိုင်ရကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တွေ့မည်

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် အထက်မြန်မာ ပြည်မှ ၂၀၁၅ ရွေးကောက်ပွဲအနိုင် ရကိုယ်စားလှယ်အားလုံးနှင့် ဒီဇင် ဘာ ၅ ရက်တွင် တွေ့ဆုံမည်ဖြစ် ကြောင်း သတင်းရရှိသည်။




အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဒီချုပ်အနိုင်ရအမတ်အချို့နှင့်အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)



 အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် အထက်မြန်မာ ပြည်မှ ၂၀၁၅ ရွေးကောက်ပွဲအနိုင် ရကိုယ်စားလှယ်အားလုံးနှင့် ဒီဇင် ဘာ ၅ ရက်တွင် တွေ့ဆုံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ် မြေပျဉ်းမနားမြို့နယ်ရှိ မေခန်းမ တွင် ယင်းနေ့ မွန်းလွဲ ၁ နာရီ၌ တွေ့ဆုံမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည်။

‘‘အထက်မြန်မာပြည်က ဒီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့မှာပါ။ တွေ့မယ့်အကြောင်းရင်း ကတော့ ဥက္ကဋ္ဌက လမ်းညွှန်ချက် တွေပေးမယ်။ လုပ်ငန်းလမ်းညွှန် တွေပေါ့’’ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်  ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။

မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်း၊ ကယား၊ ကချင်ပြည်နယ်၊ နာဂ၊ ဓနု၊ အင်းသား၊ ပလောင် စသည့်ဒေသများမှ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ဆီကို အ ကြောင်းကြားစာတော့ ရောက် လာပါပြီ။ အကြောင်းရင်းကတော့  အတိအကျမသိသေးပါဘူး။ ဥက္ကဋ္ဌနဲ့ အနိုင်ရကိုယ်စားလှယ်  တွေ တွေ့ဆုံမယ့်သဘောပါပဲ’’ဟု ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် နေပြည်တော်ကောင်စီနယ် မြေရှိ အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ် (၉)၌ ၀င်ရောက်ယှဉ် ပြိုင်ခဲ့သည့် အနိုင်ရကိုယ်စား လှယ် ဦးမောင်မောင်ဆွေကပြော သည်။ နိုဝင်ဘာ ၂၈ ရက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံပွဲကို တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်မည်ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တစ်နိုင်ငံလုံးတွင် ပြည် သူ့လွှတ်တော်၌ ၂၅၅ ဦး၊ အမျိုး သားလွှတ်တော်၌ ၁၃၅ ဦး၊ တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော်၌ ၄၇၅ ဦး၊ တိုင်းရင်းသားလူမျိုးလွှတ် တော်ကိုယ်စားလှယ် ၂၁ ဦး စုစု ပေါင်း ၈၈၆ ဦး  အနိုင်ရရှိခဲ့သည်။
==============================
251 /End