အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရှဖာက္က်နာ သတင်းဌာန၏ လတ်တလော သတင်း အထောက်အထားအရ လူ့အခွင့်အရေး ဌာန ၏ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ ၏ အဆိုတင်ပြချက်အရ ပြီးခဲ့သည့် နှစ်တွင် အီရတ် နိုင်ငံ ရှိ မိုစဲလ် မြို့ ကို ပြန်လည် သိမ်းပိုက်နိုင်ချိန်တွင် IS အဖွဲ့ ပိုင် လက်နက် အမြောက်အများ ကို သိမ်း ဆည်း နိုင်ခဲ့ပါတယ်။
စစ်တမ်းအရ IS အဖွဲ့ စစ်တပ် သုံးတပ် ရှိကြောင်း ၎င်းတို့တွင် အကြမ်းဖက် အဖွဲ့ဝင် လေးသောင်း မှ ၅သောင်း အထိ ရှိနေကြောင်း ၊ IS အဖွဲ့သည် ဆီးရီးယား နိုင်ငံ နှင့် အီရတ် နိုင်ငံ အတွင်း နိုင်ငံပေါင်း ၂၅ နိုင်ငံ မှ ထုတ်လုပ်သည့် လက်နက်များ ကို သုံးစွဲ နေကြောင်း တင်ပြထားပါတယ်။
ဆက်လက်ပြီး စစ်တမ်းအရ ခရစ်သက္ကရာဇ် ၁၉၈၀ခုနှစ် တွင် ကမ္ဘာ ပေါ်တွင်လက်နက်ရောင်းချခဲ့မှု ၏ ၁၂%သည်အီရတ် နိုင်ငံ တွင် ဖြစ်ကြောင်း ၊ပြီးနောက်အမေရိကန် စစ်တပ်၏ ခန့်မှန်း ချက်အရ အမေရိကန် အနေဖြင့်အီရတ် နိုင်ငံ အပေါ် ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် အကြောင်း မရှိ အကြောင်း ရှာပြီး တိုက်ခိုက်ခဲ့မှု ပြုပြီး နောက် ခဲယမ်းမီးကျောက်၊ကျည် တန်ချိန် ၆သိန်းခွဲ တွေ့ရှိခဲ့ပါ တယ်။
လူ့အခွင့်အရေး ဌာန ၏ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ ဒေသအတွင်း လက်နက်ပြန့် ပွားမှု ကို ထိန်းချုပ် နိုင်ရန် အတွက် လက်နက်များ နှင့်ပတ်သက်ပြီး ဥပဒေစည်းကမ်းချက်များ အပြည့်အဝ ထုတ်ရန် တောင်းဆို ထားပါတယ်။ အာရပ် မီဒီယာများ၏ သတင်းအရ IS အကြမ်းဖက် အဖွဲ့ လက်နက်အများဆုံး ထောက်ပံ့ ကူညီ နေသည့် နိုင်ငံများ မှာ တူရကီ ၊ ဆော်ဒီ ၊ နှင့်ကာတာ နိုင်ငံများ ဖြစ်ကြောင်း လာ ရှိပါတယ်။
============================
251 / End / End