၉ ဒီဇင်ဘာ ၂၀၁၅ - ၁၇:၄၉
   IS အဖွဲ့ မှ သတင်းထောက်တစ်ဦးကို ကိုယ်တစ်ဝက်မှ ပိုင်းဖြတ် ကွပ်မျက်

သက်္ကဖီးရီး ဝဟာဘီ အစွန်းရောက် ဂိုဏ်း IS အဖွဲ့ မှ အံ့သြဖွယ် ကွပ်မျက်မှုများ ကို ဆက်လက် လုပ်ဆောင် လျက်ရှိပါတယ်။ ဆီးရီးယား နိုင်ငံ မှာ သတင်းတွေ အတွက် လှုပ်ရှားပေးနေတဲ့ သတင်းထောက်တစ်ဦးကို ရက်ရက်စက်စက် ကိုယ်တစ်ဝက်မှ ပိုင်းဖြတ် ကွပ်မျက် ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အလ်စဖီး သတင်းဌာန၏ သတင်း အရ ဆီးရီးယား နိုင်ငံ ဒီရာဇူရ် ပြည်နယ် တွင် သတင်းထောက် တစ်ဦးကို ရက်ရက်စက်စက် ကွပ်မျက်မှု နှင့်ပတ် သက်ပြီး ဖော်ပြထားပါတယ်။

IS အကြမ်းဖက် အစွန်းရောက် အဖွဲ့ ဟာ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ဒီရာဇူရ် ပြည်နယ်ရှိ ဟူမေ အရပ် တွင် သတင်းထောက် တစ်ဦးကို ရက်ရက်စက်စက် ကိုယ်တစ်ဝက်မှ ပိုင်းဖြတ် ကွပ်မျက်ခဲ့ ပါတယ်။

IS အကြမ်းဖက် အစွန်းရောက် အဖွဲ့ အနေဖြင့် ဆီးရီးယား နိုင်ငံ သား သတင်းထောက် ၏ ခြေနှစ် ဖက် ကို ခြေတစ်ဖက်ကို ကားတစ်စီးဆီ မှာ ချိတ်ပြီး ဆန့်ကျင်ဖက် အရပ်ကို ပြိုင်မောင်း ကြပါတယ်။

ကားနှစ်စီး ဆန့်ကျင် ဖက်အရပ်ကို အပြိုင် မောင်းသည့် ဒဏ်ကြောင့် သတင်းထောက် သမားရဲ့ ကိုယ် ဟာ နှစ်ခြမ်းဖြစ်သွား ရရှာ ပါတယ်။

ဤသတင်းထောက် သမား ကို ကွပ်မျက်ရသည့် အကြောင်းအရင်းကတော့ IS အကြမ်းဖက် အဖွဲ့ တို့၏ တည်နေရာတွေကို ထုတ်ဖော်ခဲ့တယ်လို ဆိုကြပါတယ်။

IS အကြမ်းဖက် အဖွဲ့ ဟာနေ့စဉ်နေ့တိုင်း အံ့သြဖွယ် ကွယ်မျက်မှုများ ၊ကြောက်မက်ဖွယ် အမိန့်ချမှု များပြုလုပ်ပြီး မည်သူမျှ ၎င်းတို့ကို မတော်လှန်ရဲ အောင် လုပ်နေကြပါတယ်။

==================

251 / End