အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က တရားရုံးသို့လာရောက်ပြီး ဦးခွန်ဂျာလီနှင့် တွေ့ဆုံခဲ့
ဦးခွန်ဂျာလီကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ−စိုင်းဇော်)
တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ဓာတ်ပုံအားခြေဖြင့်နင်းထားသောပုံကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သည်ဟုဆိုကာတရားစွဲဆိုခံထားရသည့် ဦးပက်ထရစ်ခွန်ဂျာလီအား တရားရှင်လွှတ်သင့်၊ မလွှတ်သင့် ဒီဇင်ဘာ ၁၇ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေကပြောသည်။
ဦးခွန်ဂျာလီကို ဒီဇင်ဘာ ၁၁ရက်က လှိုင်မြို့နယ်တရားရုံး တွင် ခြောက်ကြိမ်မြောက်ရုံးထုတ် စစ်ဆေးစဉ် ၎င်း၏ရှေ့နေက အမှု မှ တရားရှင်လွှတ်ပေးရန် တ ရားသူကြီးထံ လျှောက်ထားခဲ့ရာ တရားရှင်လွှတ်သင့်၊ မလွှတ်သင့် လာမည့် ခုနစ်ကြိမ်မြောက်ရုံး ချိန်းဖြစ်သော ဒီဇင်ဘာ ၁၇ရက် ၌ တရားသူကြီးက အမိန့်ချမည်ဖြစ်သည်။
‘‘ဒါက ဆက်သွယ်ရေးဥပဒေ နဲ့ သွားရမှာမဟုတ်ဘဲ အီလက်ထ ရွန်းနစ်ဥပဒေနဲ့ သွားသင့်တယ်ဆို တဲ့ဟာကို တင်ပြတယ်။ ဒုတိယ အချက်က ၆၆(ဃ)ပြစ်မှုနဲ့အရေး ယူဖို့နည်းဥပဒေထွက်ထားတာမ ရှိသေးပါဘူး။ မရှိတဲ့အတွက် လည်း အခက်အခဲရှိတယ်လို့ လည်း အမှုစစ်တဲ့နေရာမှာ ထည့် မေးထားတာရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိ ဘူး’’ဟု ဦးခွန်ဂျာလီ၏ ရှေ့နေ ဦးအယ်ခွန်ရိပ်ပန်ကပြောသည်။
ဒီဇင်ဘာ ၁၁ရက် ရုံးချိန်းသို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံ အမတ်ကြီးဒဲရစ်မစ်ချယ်လာရောက် ပြီး ဦးခွန်ဂျာလီနှင့် တွေ့ဆုံခဲ့ သည်။
ဦးခွန်ဂျာလီသည် ပန်းနာရင် ကျပ်ဝေဒနာကြောင့် ကျန်းမာရေး အခြေအနေဆိုးရွားလျက်ရှိပြီး၎င်း နေရသည့် အကျဉ်းထောင်တွင်အ သက်ရှူကျပ်သည့်ရောဂါကြောင့် သေဆုံးသွားသည့်အကျဉ်းသားခု နစ်ဦးအထိရှိသောကြောင့် ကြောက်ရွံ့နေကြောင်း ဦးခွန်ဂျာ လီကတရားသူကြီးထံလျှောက် ထားသည်။
‘‘ကျန်းမာရေးအခြေအနေက ဒီနေ့လည်း မျက်မြင်အရဆိုပြန်ထနေတယ်။ လေ၀င်လေထွက်မ ကောင်းတာလည်းပါမယ်။ နောက်ပြီးတော့ ဆရာဝန်နဲ့ ထပ်ပြလို့ရ၊မရ စီစဉ်နေပါတယ်’’ဟု ရှေ့နေဦးအယ်ခွန်ရိပ်ပန်ကပြော သည်။
ဦးခွန်ဂျာလီ၏ ကျန်းမာရေး မကောင်းသောကြောင့် အာမခံ ပေးရန် နိုဝင်ဘာ ၂၃ရက်ရုံးချိန်းမှ စ၍ အကြိမ်ကြိမ်လျှောက်ထား သော်လည်း တရားသူကြီးကပယ် ချခဲ့သည်။
ဦးခွန်ဂျာလီ၏ ဇနီးဖြစ်သူမ မေစံပယ်ဖြူသည် အမေရိကန်အစိုးရက ပေးအပ်သည့် အမျိုးသမီးရဲ စွမ်းသတ္တိဆုရရှိထားသူဖြစ်ပြီး ပြည်တွင်းတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးရာလှုပ်ရှားမှုများ ကို ဆောင်ရွက်နေသူလည်းဖြစ် သည်။ ဦးခွန်ဂျာလီကို လွှတ်ပေး ရန် အမေရိကန်အစိုးရ နိုင်ငံခြား ရေးဝန်ကြီးဌာနက မြန်မာအစိုးရ ထံတိုက်တွန်းထားသည်။
ဦးခွန်ဂျာလီအပြင် ဆက် သွယ်ရေးဥပဒေပုဒ်မ(၆၆)ဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် မ ချောစန္ဒီထွန်းကိုလည်း ဖမ်းဆီး ထားပြီး မအူပင်မြို့နယ်တရားရုံး တွင် ရုံးထုတ်စစ်ဆေးလျက်ရှိ သည်။
ပုဒ်မ ၆၆(ဃ)သည် အာမခံ ပေးခွင့်မရှိဘဲ ထောင်ဒဏ်သုံးနှစ် အထိချမှတ်ခွင့်ရှိသောကြောင့် အာမခံပေးခြင်း၊ မပေးခြင်းသည် တရားသူကြီး၏ ဆင်ခြင်တုံတရား နှင့်သာ သက်ဆိုင်ကြောင်း တရား လွှတ်တော်ရှေ့နေဦးရောဘတ် စန်းအောင်ကပြောသည်
==========================
251 / End