အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရှီအာမွတ်စလင်မ်များ၏ ကရ်ဘာလာ ၀မ်းနည်းခြင်းအထိမ်းအမှတ်အလံလွှင့်ထူခြင်းများကို အစ္စလာမ်ဆန့်ကျင်ရေးအင်အားစုများက IS အလံဟုကောလဟလလွှင့်ကာ အုပ်ချုပ်သူများမှတဆင့် ပြန်လည်ဖြုတ်ချခိုင်းမှု ၃ ခု ရန်ကုန်မြို့တွင်ယခုရက်များအတွင်းဖြစ်ပွားခဲ့သည်။
၃၈ လမ်းအလယ်လမ်းရှိရှားအဘ္ဘာစ် ဆုတောင်းပြည့်ဗိမာန်တွင်လွှင့်ထူထားသည့် အလံတော်ကို ဖြုတ်ချရန် လူ ၂၀ ဦးထက်မနည်းအုပ်စုကိုဦးဆောင်ခဲ့သည့် ဦးနေမျိုးဝေကို ယနေ့ညနေ ၄ နာရီအချိန်ကတွေ့ရပုံ(ဓာတ်ပုံ၊ Myanmar Muslim Media)
“ဒါဟာနို်င်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးကိုကျော်လွန်တာဖြစ်တယ်။ဒါဟာဘာသာရေးပွဲဖြစ်တဲ့အတွက် ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းထိခိုက်စော်ကားရာရောက်ပါတယ်။ကျွန်တော်တို့တော့အဲသလိုပဲမြင်တယ်”မဂို ရှီအာ သာသနာပညာရှင် H.I မောင်လာနာ ထွန်းဇော် က Myanmar Muslim Media သို့ပြောသည်။
မောင်ထော်လေးလမ်းရှိ ကာရှာနီအေမာမ်ဘာရာတွင်လွင့်ထူထားသည့် အလံတော်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်လည်းကောင်း၊၃၂ လမ်း အောက်လမ်းရှိ ဟာဇရသ်အဘ္ဘာစ် ဆုတောင်းပြည့်ဗိမာန်တွင်လွှင့်ထူထားသည့် အလံတော်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်းကောင်း ၊၃၈ လမ်းအလယ်လမ်းရှိရှားအဘ္ဘာစ် ဆုတောင်းပြည့်ဗိမာန်တွင်လွှင့်ထူထားသည့် အလံတော်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်းကောင်း ဖြုတ်သိမ်းရန် ထင်ယောင်ထင်မှားသတင်းလွှင့်ကာ အုပ်ချုပ်သူများမှတဆင့် ပြန်လည်ဖြုတ်သိမ်းရန် မွတ်စလင်မ်ဆန့်ကျင်ရေးအင်အားစုများက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
“အလံမှာပါတဲ့ ဇူလ်ဖာကာဓားဟာ ဟာဇရသ်အလီရဲ့ ဓားကိုရည်ညွန်းထားတယ်။ဟာဇရသ်အလီဟာ အစ္စလာမ်သာသနာမှာ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းရေးအတွက်ကို တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် သခင်ကြီးကိုင်ခဲ့တဲ့ဓားကိုရည်ညွန်းပြီးတော့ နှစ်ပေါင်း ၁၄၀၀ အလျှင်ကတည်းကအလံမှာထည့်သွင်းခဲ့ခြင်းဖြစ်တယ်။အလံမှာပါတဲ့ဓားဟာ ငြိမ်းချမ်းခြင်း ၊တရားမျှတခြင်း ဆိုတဲ့သဘောကို ဆောင်တယ်။အလံအနက်ရောင်သည် ၀မ်းနည်းခြင်း သဘောကိုဆောင်တယ်။ဓားမှာသုံးထားတဲ့ အဖြူရောင်က တရားမျှတငြိမ်းချမ်းခြင်း သရုပ်ကိုဆောင်တယ်”ဟု မဂို ရှီအာ သာသနာပညာရှင် H.I မောင်လာနာ ထွန်းဇော် က လွင့်ထူထားသည့်အလံနှင့်ပတ်သက်ပြီးရှင်းပြသည်။
ယနေ့ညနေ ၄ နာရီအချိန်က ၊၃၈ လမ်းအလယ်လမ်းရှိရှားအဘ္ဘာစ် ဆုတောင်းပြည့်ဗိမာန်တွင်လွှင့်ထူထားသည့် အလံတော်ကို ဖြုတ်ချရန် ကောလဟလ ဖြန့်ကာ ဦးဆောင်လှုံ့ဆော်ခဲ့သူမှာ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေဖြစ်သည်။
==============================================
251 / End