၁ ဇန်နဝါရီ ၂၀၁၆ - ၁၉:၃၄
 မွတ်စလင်မ် နိုင်ငံ များ အနေဖြင့် အီရတ် နှင့် ဆီးရီးယား နိုင်ငံ  ၏ ပြဿနာများ ကို အဆင်ပြေ ရန်ကြိုပမ်း ရပေမည်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ်ဆိုဗဟာနီ အနေဖြင့် မွတ်စလင်မ် နိုင်ငံ များ အနေ ဖြင့် အီရတ် နှင့် ဆီးရီးယား နိုင်ငံ ၏ ပြဿနာများ ကို အဆင်ပြေ ရန်ကြိုပမ်း ကြရန် တိုက်တွန်း ပြောကြား ခဲ့ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


Shabestan သတင်းဌာန ၏ သတင်း အရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အကျော် အမော် သာသနာ့ ပညာ ရှင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ်ဆိုဗ်ဟာနီ မှ မဟာ တမန် တော်မြတ် ကြီးဟဇရသ် မိုဟမ္မဒ် (ဆွ)  မွေးနေ့ မင်္ဂလာ အခမ်းအနား အဖြင့် ကျင်းပ သည့် (အစ္စလာမ့် စည်းလုံးညီညွတ်ရေး  ညီလာခံ ) တွင် တကမ္ဘာလုံး ရှိ မွတ်စလင်မ် နိုင်ငံများ မှ ကြွရောက် လာကြသည့် ပညာရှင် များ နှင့် အိုလမာ ကို မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။


ယနေ့ ဆီးရီးယား နိုင်ငံ နှင့် အီရတ် နိုင်ငံ၏ ပြဿနာများ ဟာ လူကြီးမင်းတို့ အားလုံး အရှေ့ မှာ ဖြစ်ပါတယ်။ သို့သော် ကျနော်တို့ မွတ်စလင်မ် များ၏ ဖူးစာကံမှာ ဆိုးလှ ပါတယ်။ ကိုယ့် ပြဿနာများ  ကို အဆင်ပြေရန် ဖြေရှင်းရန် သူစိမ်းများ (မွတ်စလင်မ် မဟုတ်သူများ )  ဘက်ကို ကြည့် နေကြ ပါတယ်။ မိမိ ပြဿနာများ မိမိကိုယ့်တိုင် မဖြေရှင်း သမျှ မည်သူမျှ လာပြီး ကျနော်တို့ ပြဿနာများ ကိုဖြေရှင်း ပေးနိုင်မှာမဟုတ်ဘူးဆိုတာ လည်း သံသယ ရှိစရာ မလို ဟု အာယာသွလ္လာဟ် ကြီးမှ မိန့်ကြား ခဲ့ပါ တယ်။


ဆက်လက်ပြီး  အာယာသွလ္လာဟ် ကြီး မှ  ကျနော်တို့ အတွက် ပြဿနာများ ကို ဖြစ်စေနေသည့် သူများ ကို ပြဿနာများ ကို ဖြေရှင်း ပေး နိုင်သူများဟု မျှော်လင့် ချက်ထား ခြင်းမှာလည်း ရူးသွပ်သည့် လုပ်ရပ်မှ အပ အခြားထူးမည့် မဟုတ်ကြောင်း၊ ကံဆိုးစွာ ဖြင့် မဟာတမန်တော်မြတ် ကြီး ဟဇရသ်  မိုဟမ္မဒ် (ဆွ) ၏ မွန်မြတ် လှသည့် ဘဝထုံးကို မေ့နေကြကြောင်း ၊ ဤအတွက်ကြောင့် မွတ်စလင်မ် နိုင်ငံများ ပြဿနာများ နှင့်ရင်ဆိုင်နေရ ကြောင်း မိန့်ကြားခဲ့ပါတယ်။


ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ်ဆိုဗ်ဟာနီ မှ မိန့်ခွန်း ၏ နောက်ဆုံးတွင် မွတ်စလင်မ် နိုင်ငံ များရှိ ပညာရှင်များ နှင့် အိုလမာ  မှစ၍  တာဝန်ရှိသူများ အားလုံး၏ သမိုင်းပေးတာဝန် မှာ ဆီးရီးယား နှင့် အီရတ် နိုင်ငံ ၏ ပြဿနာများ ကို ဖြေရှင်း နိုင်ဖို့ မိမိတို့ဆိုင်ရာ ဆိုင်ရာ လှုပ်ရှား မှု ကို ပြု ကြဖို့ မိန့်ကြားခဲ့ပါတယ်။


==========================


251/End