အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မဂ်ျမအ်ယေ ဂျဟာနီ ရှီအာ ရှနာစီ သတင်းဌာန ၏ သတင်း အရ ဆော်ဒီ အာရေဗျား နိုင်ငံ ၏ ဘုရင် သားတော် ၊အိမ်ရှေ့ မင်းသား လည်း ဖြစ် ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်သူ မိုဟမ္မဒ် ဗင်စလ်မန် မှ ဆော်ဒီ အာရေဗျား အနေဖြင့် အီရန် နိုင်ငံ နှင့် စစ်တိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိဟု ပြောကြား ခဲ့ပါတယ်။
ဆော်ဒီ ကာကွယ်ရေး ဝန်ကြီး မိုဟမ္မဒ် ဗင်စလ်မန် မှ ဆော်ဒီ နှင့် အီရန် စစ်ဖြစ်ပွားခဲ့ လျှင် သေကြေ ပျက်စီး မှု ကို အစပြု ရဖြစ်မည် ဖြစ်၍ ဤကဲ့သို့ စစ် ပွဲ ဖြစ်ပွားဖို့ ခွင့် ပေး မည် မဟုတ် ကြောင်း ပြောကြားခဲ့ပါ တယ်။
ဆော်ဒီ ကာကွယ်ရေး ဝန်ကြီး မှ ဆော်ဒီ နိုင်ငံတွင် ကျယ်ပြန်စွာ ဆောင်ရွက်နေသည့် အပြစ် ပေး ဒဏ်ခတ်မှု များ ၊ခေါင်းဖြတ် ကွပ်မျက်မှု များကို ကာကွယ်ပြောကြားရင်း အပြစ်ဒဏ် ခံရသူများ အားလုံ သည် ဆော်ဒီ နိုင်ငံ သား များ ဖြစ်ကြပြီး ဆော်ဒီ တရားရုံး၏ တရားဥပဒေ ဆုံး ဖြတ်ချက် နှင့်အညီ ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း ဆင်ခြင်ပေး ပြောကြားခဲ့ပါတယ်။
ဆော်ဒီ အာရေဗျား တရားရုံး၏ တရားဥပဒေ ဆုံး ဖြတ်ချက် အရ ၆ ရက် အလျှင် ကွပ်မျက်ခဲ့သူများ စရင်း တွင် ဆော်ဒီ ရှီအာ ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ နေမေရ် လည်း ပါဝင်ခဲ့ ပါတယ်။ ဆော်ဒီ အစိုးရ မှ ကွပ်မျက် ခံရ သည့် အကြောင်း အရင်းမှ အကြမ်းဖက် ဂိုဏ်းဝင်များ ဖြစ်ကြောင်း ပြောဆို ကြော်ငြာ ခဲ့ပါတယ်။ အမှန်တကယ် ဆော်ဒီ ရှီအာ ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ နေမေရ် အကြမ်းဖက် သမား မဟုတ်ဘဲ ဆော်ဒီ နှင့်ဘာရိန်း ရှီအာ များ အခွင့်အရေး ကို ဖိနှိပ်နေသည့် ဆော်ဒီ အစိုးရ၏ ပေါ်လစီ ကို ဆန့်ကျင် ဝေဖန် သူ တစ်ဦးသာ ဖြစ်ကြောင်း ကမ္ဘာ နှင့်ဆော်ဒီ အသိ ပင် ဖြစ်ပါတယ်။
ဤအတွက်ကြောင့် တကမ္ဘာလုံး အတိုင်းအတာ အရ အများစု နှင့် ကမ္ဘာ လူ့အခွင့်အရေး အဖွဲ့အစည်း များ မှ ဆော်ဒီ အစိုးရ မှ ဆော်ဒီ ရှီအာ ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ နေမေရ် ကို ကွပ်မျက် ခဲ့ပြီး အလွန်တရာ ကြီးမား မှားယွင်းသည့် နိုင်ငံရေး ဆိုင်ရာ အမှား ကို ကျူးလွန်ခဲ့ကြောင်း ပြောဆို ဝေဖန် ရှုတ်ချ နေကြပါတယ်။
==============================
251 / End